စွန့်စားရတာကိုကြိုက်နှစ်သက်တဲ့သူငယ်ချင်းနှစ်ယောက်(Becky နဲ့ Hunter)ရဲ့ဇာတ်ကြောင်းကနေအစချီထားပါတယ်
သူတို့တွေဟာတောင်တက်ရတာစွန့်စားရတာကိုကြိုက်နှစ်သက်ကြတဲ့သူတွေဖြစ်ပြီး တနေ့တောင်တက်ရင်းနဲ့Beckyရဲ့ယောကျ်ားဟာလိမ့်ကျပြီးသေဆုံးသွားပါတယ်
သူ့ရဲ့ရှေ့မှာပဲသေဆုံးသွားတာကြောင့် ကြေကွဲပြီးအရက်ပဲတောက်လျှောက်သောက်ရင်းဝေဒနာတွေကိုကုစားနေရပါတော့တယ်
အရက်ပဲနေ့တိုင်းသောက်နေတော့ လူကလည်းမကြာခင်ကိစ္စချောပါတော့မယ်
ဒီလိုနဲ့ပဲ သူ့သူငယ်ချင်း Hunterရောက်ရှိလာပြီးတော့ အမေရိကားမှာစတုတ္ထအမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ ရုပ်မြင်သံကြားမျှော်စင်ကြီးအပေါ်ကိုတက်ဖို့ကိုမြူဆွယ်ပါတော့တယ်
ကြေကွဲစရာအဖြစ်အပျက်ကိုကြုံတွေ့ထားရတဲ့Becky အဖို့တော့နောက်ထပ်ဒီလိုမျိုးတွေဆက်မလုပ်တော့ဘူးလို့တွေးခဲ့ပေမယ့် နောက်တော့မြူဆွယ်ကောင်းလွန်းတော့ သဘောတူလိုက်ပါတော့တယ်
အဖြစ်အပျက်ကတော့အဲ့မှာတင်စတင်သွားပါတော့တယ်
တက်တုန်းကတော့အကောင်းပါပဲ ဒါမဲ့အပေါ်ဆုံးကိုရောက်သွားတဲ့အခါမှာတော့ သူတို့တက်ခဲ့တဲ့လှေကားကြီးတစ်ခုလုံးဟာကွာကျသွားပြီး မျှော်စင်ထိပ်မှာတင်သောင်တင်နေပါတော့တယ်
ဒီလိုနဲ့သူတို့နှစ်ယောက်ဘယ်လိုတွေပြန်လုပ်ပြီး အောက်ကိုပြန်ဆင်းကြမလဲဆိုတာကို အသဲတအေးအေးနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်
IMDb ratingကလည်း6.4 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်လိုက်ကြရအောင်နော်
Translated by Zue Encoded by Aye Chan