အိုလီဗီယာဟာ သူမနဲ့ စေ့စပ်ထားသူရဲ့ အသုဘအခမ်းအနား အပြီး သူမရဲ့ ရေချိုးကန်ထဲမှာ လက်ကောက်ဝတ် ပြတ်လုနီးပါး ဒဏ်ရာနဲ့ တုန်လှုပ်နေတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်ကို သူမရဲ့ သူငယ်ချင်းတွေက မြင်တွေ့သွားပြီး သူမကိုယ်သူမ သတ်သေဖို့ ကြိုးပမ်းတယ်လို့ သံသယရှိခဲ့ပါတယ် ဒါပေမဲ့လည်း အိုလီဗီယာကတော့ သူမကို တစ်စုံတစ်ယောက်က တိုက်ခိုက်ခဲ့တာလို့ သူမက ယုံကြည်နေခဲ့ပါတယ်
ဒီတုန်လှုပ်ဖွယ်ဖြစ်ရပ်ကနေ ပြန်လည်ကောင်းမွန်လာစေဖို့ မျှော်လင့်ချက်နဲ့ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ သစ်တောထဲကို ပိတ်ရက် ခရီးထွက်ခဲ့ကြပါတယ် ဒါပေမယ့် သူမနဲ့အတူ ပါလာတဲ့ ခွေးလေး ပျောက်ဆုံးသွားတဲ့ အခါမှာတော့ သစ်တောထဲက လျှို့ဝှက်ဆန်းကြယ်မှုတွေဟာ တစ်စထက်တစ်စ ပေါ်ပေါက်လာပါတော့တယ်
အဲဒီနောက်မှာတော့ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲတစ်ခုအဖြစ်ကို ပြောင်းလဲသွားပါတော့တယ် ခွေးလေးက သွေးရိုးသားရိုး ပျောက်ဆုံးသွားတာလား အစိုးမရတဲ့ လောကကြီးမှာ ဘယ်သူတွေကို ယုံကြည်ရမလဲ ဘယ်သူတွေက ရှင်ကျန်နိုင်မလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပါ
–Translated & Reviewed by Hyo
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်