ဒီဇာတ်ကားကတော့ အကျင့်ပျက်ခြစားမှုနဲ့ စုံးစုံးမြုပ်နေတဲ့ မြိုငယ်လေးကို အခြေတည်ကာ ခင်းကျင်းရိုက်ကူးထားတာဖြစ်ပြီး ဒဏ်ခတ်မှုနဲ့ တရားမျှတမှုဆိုင်ရာကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
ကျွမ်းကျင်ကွန်မန်ဒို ပါကာအဖြစ် မင်းသမီးချော ဂျက်ဆီကာအယ်လ်ဗာက သရုပ်ဆောင်ထားတာဖြစ်ပါတယ် သူမဟာ ဖခင်ဖြစ်သူရဲ့ သေဆုံးမှုသတင်းကို ကြားသိခဲ့ရပြီးနောက်မှာ ဖခင်ရဲ့ လျှိဝှက်ဆန်းကြယ်သေဆုံးမှု နောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို မွေးရပ်မြေအိမ်ကိုပြန်လာခဲ့ပါတယ် ပါကာဟာ စုံစမ်းစစ်ဆေးရင်းနဲ့ပဲ ဒေသတွင်းဂိုဏ်းတွေနဲ့ အကျင့်ပျက်အရာရှိများပါ၀င်တဲ့ ရာဇ၀တ်မှုဆိုင်ရာဝက်ဘ်ဆိုဒ်တစ်ခုကို ဖော်ထုတ်မိခဲ့ပါတယ်
ဒီလိုနဲ့ ရာဇဝတ်မှုကွန်ရက်ကို ဖြိုခွဲလိုတဲ့ ပါကာဟာ အန္တရာယ်တောထဲကို တိုး၀င်ခဲ့ပါတော့တယ် ပဟေဠိဆန်ဆန် ဇာတ်ကြောင်းနဲ့အတူ ဂျက်ဆီကာအယ်လ်ဗာရဲ့ ဆွဲဆောင်မှုရှိတဲ့ အက်ရှင်ခန်းများဟာ ကြည့်ရှုသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်တွေကို ပေးစွမ်းနိုင်မှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်