ဒီကားလေးကတော့ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။
၁၉၈၄ ခုနှစ် လန်ဒန်မြိုမှာ အသက် ၇နှစ်အရွယ် မာရီယာလေးက သူ့အမေနဲ့အတူ အမှိက်ထဲကရွှေဆိုသလို အမှိက်ထဲက ပစ္စည်းလေးတွေလိုက်ကောက်ပြီး ပျော်စရာသားအမိဘဝလေးကို တည်ဆောက်ထားကြပါတယ်။ အမှိက်တွေနဲ့ကြီးပြင်းရတာဖြစ်တဲ့အတွက် တချိုလူတွေကလည်း သူတိုသားအမိကို နှိမ်ချင်ကြပါတယ်။
တစ်ညမှာ မာရီယာရဲ့အမေသေသွားတဲ့အခါ မာရီယာဟာ မီရှဲရဲ့လက်အောက်မှာ ဆယ်စုနှစ်တစ်ခုကြာ မွေးစားခံလိုက်ရပါတယ်။ မာရီယာ ဆယ်ကျော်သက်ဖြစ်လာချိန် မီရှဲအိမ်မှာနေခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့သူတစ်ယောက် မာရီယာတိုအိမ်မှာ ခဏလာနေဖို အကြောင်းဖန်လာချိန်မှာတော့ မာရီယာနဲ့ မိုက်ကယ်တိုကြားမှာ သံယောဇဉ်ကြိုးတစ်ခုဖြစ်လာပြီး မိုက်ကယ့်ရဲ့လှုဆော်ပေးမှုကြောင့် မာရီယာရဲ့ ဖိနှိပ်ခံအဖြစ်ပျက်တွေနဲ့ သူ့အမေရဲ့အမှတ်တရတွေက ပြန်ပေါ်လာပါတော့တယ်။
ဒါပေမဲ့ ကံမကောင်းချင်တော့ မိုက်ကယ့်မှာလက်ထပ်တော့မယ့်ကောင်မလေး ရှိနေခဲ့ပါတယ်။ သားအမိနှစ်ယောက်တည်းဘဝကို ရခဲ့ဖူးတဲ့ မာရီယာတစ်ယောက် ရှေ့ဆက်ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြည့်လိုက်ပါ။
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်