ပုံမှန်အိမ်နီးချင်းဘဝလေးကနေ ရုတ်တရက် မထင်မှတ်ထားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားပြီး အသက်ရှင်ဖို့ ရုန်းကန်ရမဲ့ Sci-Fi Survival Thriller ကားလေး “The End of Oak Street” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Platt မိသားစုအတွက်တော့ Oak Street မှာ ဖြတ်သန်းနေတဲ့ နေ့ရက်တွေက သာမန်မိသားစုဘဝလေးတစ်ခုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ ထူးဆန်းတဲ့ အာကာသဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီး သူတို့နေထိုင်တဲ့ ရပ်ကွက်တစ်ခုလုံးက မူလနေရာကနေ ပြတ်ထွက်သွားသလို မသိကျွမ်းတဲ့နေရာတစ်ခုထဲကို ရောက်ရှိသွားတဲ့အခါမှာတော့ မိသားစုရဲ့ နေ့စဉ်ဘဝက ခဏအတွင်းမှာပဲ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။
မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က အရင်က သူတို့သိခဲ့တဲ့ Oak Street မဟုတ်တော့သလို သူတို့ရောက်နေတဲ့နေရာကလည်း ဘယ်လိုကမ္ဘာမျိုးလဲဆိုတာ မသိနိုင်တော့ပါဘူး။
ပိုဆိုးတာက အဲဒီနေရာမှာ လူသားတွေအတွက် မသိကျွမ်းတဲ့ သတ္တဝါကြီးတွေနဲ့ ဒိုင်နိုဆောတွေပါ ရှိနေတဲ့အခါ Denise နဲ့ Greg တို့ဟာ သားသမီးနှစ်ယောက်ကို ကာကွယ်ရင်း မိသားစုအားလုံး အတူတူအသက်ရှင်နိုင်ဖို့ ရုန်းကန်ကြရပါတော့တယ်။
တစ်ချိန်က ကိုယ့်အိမ်ရှေ့လမ်းလေးထဲမှာပဲ သာမန်ဘဝကို ဖြတ်သန်းခဲ့တဲ့ မိသားစုတစ်စုက ရုတ်တရက် မသိကျွမ်းတဲ့ ကမ္ဘာကြီးထဲ ရောက်သွားတဲ့အခါ ဘာတွေကို ရင်ဆိုင်ရမလဲ၊ သူတို့ရဲ့ အိမ်နဲ့အတူ ပြောင်းလဲသွားတဲ့ ဒီထူးဆန်းတဲ့နေရာက ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားမလဲ၊ မိသားစုအားလုံး အတူတူပြန်လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ မိသားစုသံယောဇဉ်နဲ့ Survival အရသာကို တစ်ပြိုင်နက်တည်း ခံစားရမယ့် “The End of Oak Street” လေးမှာ ရင်တထိတ်ထိတ် ကြည့်ရှုလိုက်ရအောင်နော်။




