“သံစဉ်နှစ်ခု၏ ဆုံမှတ်”
“အပြိုင်အဆိုင်တွေကြားက ဖြစ်တည်လာတဲ့ ဂီတနဲ့… နှလုံးသားဆုံမှတ်…”
ထိပ်တန်း ဂီတပါရမီရှင်တွေ တက်ရောက်ကြတဲ့ Elite Arts High School မှာ စန္ဒရားပါရမီရှင် Kang Bi O ဟာ စာတွေ့ရော လက်တွေ့ပါ အမြဲတမ်း အဆင့် (၁) ရရှိထားပြီး ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေအထိ တက်လှမ်းနိုင်မယ့် ကြယ်ပွင့်လေးအဖြစ် ချီးကျူးခံထားရသူပါ။ ဒါပေမဲ့ သူ့ရဲ့ ချောမွေ့နေတဲ့ လမ်းကြောင်းဟာ မမျှော်လင့်ထားတဲ့ ပြိုင်ဘက်တစ်ယောက် ရောက်ရှိလာချိန်မှာတော့ စတင် လှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒီပြိုင်ဘက်ကတော့ ခါးသီးလှတဲ့ ငယ်ဘဝကြောင့် သူ့ရဲ့ ပါရမီကို စွန့်လွှတ်ခဲ့တဲ့ Choi Jeong Yo ပဲ ဖြစ်ပါတယ်။ ကျောင်းကို ရုတ်တရက် ရောက်ရှိလာတဲ့ Jeong Yo ဟာ သူ့ရဲ့ ဂီတစိတ်ဓာတ်ကို တစ်ချိန်က ပြန်လည်မီးမွှေးပေးခဲ့ဖူးတဲ့ Bi O နဲ့ ထိတွေ့လိုက်ရတဲ့အခါ ငှုပ်လျှိးထားခဲ့တဲ့ သူ့ရဲ့ စန္ဒရားပါရမီကို ပြန်လည်ဖော်ထုတ်ဖို ဖိအားပေးခံလိုက်ရပါတော့တယ်။
သူတိုနှစ်ယောက်အပြင် နောက်ထပ် ပါဝင်လာသူကတော့ အကြားအာရုံ အထူးစူးရှထက်မြက်တဲ့ ဗီယိုလာ (Viola) တီးခတ်သူ မလေး Hong Jae In ဖြစ်ပါတယ်။ မိမိနှလုံးသားကို တကယ်လှုပ်ခတ် စေနိုင်မယ့် ဂီတကို အမြဲတမ်း ရှာဖွေနေတတ်တဲ့ Jae In ဟာ ငယ်စဉ်ကတည်းက Bi O ရဲ့ စန္ဒရားတီးခတ်မှုမှာ စွဲလန်းခဲ့ရသူဖြစ်လို Bi O ရဲ့ အနီးကပ်ဆုံး သူငယ်ချင်းနဲ့ အဓိက အားပေးကူညီသူ ဖြစ်လာခဲ့ပါတယ်။
ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေကနေတစ်ဆင့် သံယောဇဉ်တံတား စတင်ဖြစ်တည်လာတဲ့အခါ… ဖိအားတွေ ပြည့်နှက်နေတဲ့ ဂီတလောကကြီးထဲမှာ ဒီလူငယ်သုံးယောက်ဟာ ပြိုင်ဆိုင်မှုကပေါက်ဖွားလာတဲ့ ခိုင်မာသော သူငယ်ချင်းသံယောဇဉ်၊ ရည်မှန်းချက်တွေနဲ့ ပုံဖော်ထားတဲ့ ခံစားချက်တွေနဲ့အတူ စိတ်ဓာတ်ရေးရာ ပြောင်းလဲရင့်ကျက်လာကြရင်း သူတို အတူတကွ မြတ်နိုးရတဲ့ မြင့်မြတ်လှတဲ့ ဂီတထက်မှ ခမ်းနားလှတဲ့ ဟာမိုနီသံစဉ်တစ်ခုကို ဖန်တီးလိုက်ကြပါတော့တယ်
Translated by MMFILM K-Team
Encoded by KIRA




