Instragramနဲ့ Tiktokမှာ လက်ရှိလူကြိုက်များနေတဲ့ ရို့မက်စ်ကားသစ်လေးရပါပြီဗျ…
စတန်းဖို့ဒ်တက္ကသိုလ်မှာ PhD ဆက်တက်ဖို့ ကြိုးစားနေတဲ့ ဇီဝဗေဒကျောင်းသူလေး အိုလစ်ဗ်ဟာ သူ့ရဲ့သူငယ်ချင်း အန်ဖမ်စိတ်ချမ်းသာစေဖို့အတွက် ရည်းစားရှိနေပြီလို့ လိမ်ပြောခဲ့ရာကနေ ဇာတ်လမ်းစထားပါတယ်။ တစ်နေ့မှာ အန်ဖမ်ဆီမှာမိသွားမယ့်အရေးကနေလွတ်မြောက်ဖို့ အနီးနားမှာရှိတဲ့လူတစ်ယောက်ကို ရုတ်တရက် ကောက်နမ်းလိုက်မိရာကနေ အဲဒီလူက ကျောင်းသားတွေကြောက်ရတဲ့၊ စည်းကမ်းကြီးလွန်းလို့ “Dr. Evil” လို့ နာမည်ကြီးတဲ့ ဆရာအက်ဒမ်ဖြစ်နေခဲ့ပါတယ်။
အက်ဒမ်ကလည်း သူ့ရဲ့သုတေသနရန်ပုံငွေဆက်ရဖို့အတွက် တည်ငြိမ်တဲ့ဆက်ဆံရေးရှိကြောင်း ပြသဖို့လိုနေတာကြောင့် သူတို့နှစ်ယောက် ဟန်ဆောင်ချစ်သူတွေအဖြစ်နေထိုင်ဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမယ့်ဟန်ဆောင်ရာကနေ တကယ့်သံယောဇဉ်တွေဖြစ်လာကြတဲ့အချိန်မှာပဲ အက်ဒမ်ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း ဒေါက်တာတွမ်က အိုလစ်ဗ်ရဲ့ သုတေသနရလဒ်တွေကိုခိုးဖို့နဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ခြိမ်းခြောက်လာတဲ့အခါ…
အိုလစ်ဗ်တစ်ယောက် သူ့ရဲ့ ပညာရေး၊ အချစ်ရေးနဲ့ အနာဂတ်အတွက် ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီကားလေးဟာ မထင်မှတ်ထားတဲ့ အချစ်ရေးတစ်ခုကနေ ပေါက်ဖွားလာတဲ့ နားလည်မှုတွေ၊ ပညာရေးလောကက အခက်အခဲတွေနဲ့ မတရားမှုတွေကြားထဲက အိုလစ်ဗ်ရဲ့ ရုန်းကန်ကြိုးစားမှုတွေကို ရိုမန်တစ်ဆန်ဆန် စိတ်ဝင်စားဖွယ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။




