Batman ninja vs yakuza league (2025)
ရှေ့မှာထွက်ထားတဲ့ Batman Ninja ရဲ့အဆက် သမိုင်းကိုကာကွယ်ဖို့ တိုက်ပွဲဖြစ်နေတဲ့ခေတ်မှာသွားတိုက်ခိုက်ပြီးလို့ အရင်အချိန်ကနေ လက်ရှိပစ္စုပ္ပန်ကို ဘတ်မန်းမိသားစု ပြန်ရောက်လာပါတယ်။ နောက်နေ့မှာထိတ်လန့်စရာတစ်ခုကို တွေ့လိုက်ရတယ်။ ဂျပန်ကျွန်းကြီးတစ်ခုလုံးပျောက်သွားပြီး “ဟီနိုမိုတို” လို့ခေါ်တဲ့ကျွန်းကြီးတစ်ကျွန်း ဂိုသမ်မြို့ရဲ့ကောင်းကင်ထက်မှာ မျောလွင့်နေတာပါ။ သိပ်မကြာခင်ပဲ ယာကူဇာတွေအများကြီးမိုးပေါ်ကကျလာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။ တစ်ချိန်တည်းမှာ တရားမျှတရေးအဖွဲ့ချုပ် Justice League လည်းပျောက်သွားပါတယ်။ အဲဒီအချိန် ကောင်းကင်ကကျလာတဲ့ ထူးဆန်းတဲ့စွမ်းအင်တစ်ခုကြောင့် ဟီနိုမိုတိုကျွန်းကြီး လေထဲမျောနေတာကို ဘတ်မန်းကရိပ်မိသွားတယ်။ ပြီးတော့ ယာကူဇာတွေအချင်းချင်း ရက်ရက်စက်စက်တိုက်ခိုက်နေကြတဲ့ ကမ္ဘာကြီးတစ်ခုကိုလည်း တွေ့လိုက်ရတယ်။ အဲဒီကမ္ဘာရဲ့ထိပ်ဆုံးမှာ တရားမျှတရေးအဖွဲ့ချုပ်နဲ့ အရမ်းဆင်တူတဲ့ စွမ်းအားရှိဖိုက်တာတွေပါတဲ့ ယာကူဇာအဖွဲ့ချုပ်ရှိနေပါတယ်။ ယာကူဇာအဖွဲ့ချုပ်က ဂိုသမ်မြို့ကိုကျူးကျော်လာတာကြောင့် ဘတ်မန်းနဲ့သူ့ရဲ့မဟာမိတ်တွေလည်း ဂိုသမ်မြို့ကိုကယ်တင်ဖို့ အရင်ကထက်ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပါတော့တယ်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်