Switch Mode
The Lament of Autumn (2026)
Bookmark

The Lament of Autumn (2026)

Watch full episodes The Lament of Autumn (2026), download The Lament of Autumn (2026) english subbed, The Lament of Autumn (2026) eng sub, download The Lament of Autumn (2026) eng sub, stream The Lament of Autumn (2026) at MMFILM.
Yu Dian Qiu
Status: Ongoing Network: , Duration: 45 min. Country: Type: Drama Episodes: 38 Director: Casts: , , , , , Posted by: uploader mm Released on: Updated on:
Watch streaming The Lament of Autumn (2026) English Subbed on MMFILM. You can also download free The Lament of Autumn (2026) Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, The Lament of Autumn (2026) on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis The Lament of Autumn (2026)

စစ်ဘုရင်တွေ အာဏာလုပွဲဆင်နေကြတဲ့ ရှေးခေတ်တရုတ်နောက်ခံ ကြေကွဲစရာ အချစ်ဇာတ်လမ်းကောင်း တစ်ကားကို ခံစားချင်သူတွေအတွက် Cheng Lei၊ Xu Ruohan၊ Zhang Fengyi၊ Xu Fan၊ Liu Dongqin နဲ့ Guo Yuxin တို အဓိကပါဝင်ထားတဲ့ “The Lament of Autumn” ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။

​စစ်ဘုရင်တွေ အာဏာလုနေကြတဲ့ အဲဒီခေတ်ကာလမှာ မိခင်ရဲ့ ဆေးကုသစရိတ်အတွက် အပင်ပန်းခံ ရုန်းကန်နေရတဲ့ Ye Pingjun ဟာ ရှန်းရှီးအသင်းခန်းမမှာ အလုပ်လုပ်ရင်း Yu မိသားစုရဲ့ ပဉ္စမသားကို လုပ်ကြံဖို ကြိုးစားတဲ့အမှုမှာ မမျှော်လင့်ဘဲ ပါဝင်မိသွားပါတယ်။ အပြစ်မရှိဘဲ သံသယတရားခံအဖြစ် စွပ်စွဲခံလိုက်ရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို စစ်သူကြီးငယ် Yu Changxuan နဲ့ ဆယ်ရက်အတွင်း တရားခံအစစ်ကို ဖော်ထုတ်ပေးရမယ်ဆိုတဲ့ လောင်းကြေးတစ်ခု ထားလိုက်ရတာကနေ သူတိုနှစ်ယောက်ရဲ့ ကံကြမ္မာက စတင် ဆုံတွေ့လာခဲ့ပါတယ်။

​Yu Changxuan ဟာ Ye Pingjun ကို နီးစပ်ဖို ကြိုးစားရင်း ချစ်ရေးဆိုခဲ့ပေမဲ့ သူ့ရဲ့ နောက်ကွယ်မှာတော့ စစ်ရေးအစီအစဉ်တွေကို ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပါ။ တစ်ဖက်မှာလည်း Ye Pingjun နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးလာခဲ့တဲ့ Jiang Xuting က နိုင်ငံခြားကနေ ပြန်လာပြီး စစ်တပ်ထဲ ဝင်ရောက်လာတဲ့အခါမှာတော့ သူတိုသုံးယောက်ကြားက စစ်ရေးအာဏာလုပွဲတွေနဲ့အတူ နက်ရှိင်းတဲ့ အချစ်ရေး ပဋိပက္ခတွေပါ ရောယှက်လာပါတော့တယ်။ အခြေအနေအမျိုးမျိုးကြောင့် သူတိုနှစ်ဦး လက်ထပ်ခဲ့ကြပေမဲ့ မိခင်ဖြစ်သူရဲ့ ကြေကွဲဖွယ် သေဆုံးမှုက သူတိုကြားက ယုံကြည်မှုတွေကို အမြစ်ပြတ် ပြိုလဲစေခဲ့ပြီး လမ်းခွဲခဲ့ကြရပါတယ်။
​နှစ်တွေကြာလို တိုင်းပြည်မှာ စစ်မီးတွေ တောက်လောင်လာချိန်မှာတော့ Ye Pingjun နဲ့ Yu Changxuan တို တစ်ဖန် ပြန်လည်ဆုံတွေ့လာကြပြီး ကိုယ်စီယုံကြည်ရာတွေအတွက် ရပ်တည်ကာ တိုင်းပြည်ကို ကာကွယ်ဖို အတူတကွ တိုက်ပွဲဝင်ကြရပါတယ်။

အချစ်ကြောင့် နီးစပ်ခဲ့ကြပြီး မိသားစု အကျပ်အတည်းတွေနဲ့ စစ်ပွဲတွေကြားမှာ ဝေးကွာခဲ့ရတဲ့ သူတိုနှစ်ယောက်ရဲ့ နက်ရှိင်းတဲ့ နှောင်ကြိုးတွေကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြရအောင်နော်။

 


Translated by MMFILM C-Team

Encoded by KIRA