ဒါရိုက်တာ Na Hong-jin ရိုက်ကူးပြီး ၂၀၂၆ Cannes ရုပ်ရှင်ပွဲတော်ရဲ့ Palme d’Or ဆုပြိုင်ပွဲဝင်အထိ တက်လှမ်းနိုင်ခဲ့တဲ့ “Hope” ဟာ ထွက်ထွက်ချင်းမှာတင် တစ်ကမ္ဘာလုံးက အထူးစောင့်ကြည့်အားပေးနေကြတဲ့ တောင်ကိုရီးယား Sci-Fi Monster သည်းထိတ်ရင်ဖို ဇာတ်ကားကြီး ဖြစ်ပါတယ်။
တောမီးတွေဝိုင်းပြီး ပြင်ပကူညီကယ်ဆယ်ရေး လုံးဝမလာနိုင်တော့တဲ့ ဟိုဖိုဆိပ်ကမ်းမြို့လေးမှာ ရွာတစ်ခုလုံးကို အစတုံးချေမှုန်းပစ်မယ့် အမည်မသိသတ္တဝါဆန်းကြီး ရုတ်တရက်ကျူးကျော်ဝင်ရောက်လာရာက ဇာတ်လမ်းစတင်ပါတယ်။ သေမင်းနဲ့ရင်ဆိုင်နေရတဲ့ ရွာသူရွာသားတွေကိုကာကွယ်ဖို့ ရဲစခန်းမှူးဘုမ်းဆော့နဲ့ ရဲမေလေးဆောင်းအယ်တို့ မဖြစ်နိုင်တဲ့အခြေအနေကြားက အသည်းအသန်ခုခံနေရချိန်မှာပဲ၊ အဲဒီသတ္တဝါဆန်းကို ခြေရာခံသတ်ဖြတ်ဖို့ တောနက်ထဲဝင်သွားတဲ့ မုဆိုး ဆောင်းဂီတို့အဖွဲ့ပါ ကိုယ်တိုင်ပြန်ပြီးအမဲလိုက်ခံရတဲ့ သားကောင်အဖြစ် ပြောင်းလဲသွားတဲ့အခါ… ကြည့်ရှုသူကို အသက်ရှူမှားလောက်အောင်မွန်းကျပ်စေမယ့် သည်းထိတ်ရင်ဖို အမဲလိုက်တိုက်ပွဲက အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါက်ကွဲထွက်လာပါတော့တယ်။
အပြင်လောကနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်နေတဲ့ ဒီမြို့လေးမှာ သူတို့တစ်တွေ သတ္တဝါဆန်းကြီးရဲ့လက်ကနေ အသက်ဘေးက လွတ်မြောက်နိုင်ကြပါ့မလား၊ ရွာလေးကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ အဆုံးထိရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။ အာရှနဲ့ဟောလိဝုဒ် ထိပ်တန်းသရုပ်ဆောင်တွေရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ သည်းထိတ်ရင်ဖိုရသကို အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ “Hope” ကို အခုပဲမဖြစ်မနေ လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်။
Translated by MMFILM KTeam
Encoded by KIRA




