Switch Mode
E.T. the Extra-Terrestrial
Rating 7.8
Trailer
Bookmark
Followed 2 people

E.T. the Extra-Terrestrial

Watch full episodes E.T. the Extra-Terrestrial, download E.T. the Extra-Terrestrial english subbed, E.T. the Extra-Terrestrial eng sub, download E.T. the Extra-Terrestrial eng sub, stream E.T. the Extra-Terrestrial at MMFILM.
Status: Completed Released: 11 Jun 1982 Duration: 115 min Country: Type: Movie Director: Casts: , , Posted by: admin Released on: Updated on:
Watch streaming E.T. the Extra-Terrestrial English Subbed on MMFILM. You can also download free E.T. the Extra-Terrestrial Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, E.T. the Extra-Terrestrial on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis E.T. the Extra-Terrestrial

၈၀-၉၀ ဖွားတွေအတွက် ဒီရုပ်ရှင်ကိုမြင်တာနဲ့နားထဲစကြားယောင်မယ့် အသံရှိမယ်ထင်ပါတယ်။ET Phone Home ဆိုတာပါပဲ။ဒီရုပ်ရှင်လေးကတော့ ကလေးဘဝအိပ်မက်လေးတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားကောင်းတစ်ခုလို့ ဘာတွေနဲ့ ပြောကြမလဲ။နာမည်ထဲကအတိုင်းပါပဲသိပ္ပံစိတ်ကူးယဉ် လို့ရေးထားတဲ့အတွက်သိပ္ပံဇာတ်လမ်းဖြစ်ရမယ်၊ရုပ်ရှင်လို့ရေးထားတဲ့အတွက် ဇာတ်ညွှန်း ဇာတ်ဝင်ခန်းသရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက်စတာတွေ ပါရမယ်၊ ဒါတွေအကုန်ပါရင်တောင်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် လို့ပဲ ပြောလို့ရပါတယ်။ဇာတ်ကားကောင်းလို့ပြောဖို့ကတော့ ဇာတ်လမ်းရိုက်ချက် သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက်နေရာတိုင်းမှာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။Effect လေးတွေထည့် မဖြစ်နိုင်တာတွေမဖြစ်သေးတာတွေ ရိုက်ပြလိုက်ရုံနဲ့တော့သိပ္ပံစိတ်ကူးယဉ်ဆိုတာနဲ့ ရပ်နေပြီးရုပ်ရှင်ကောင်းဆိုတာ ဖြစ်မလာပါဘူး။*************************၁၉၈၂ က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ စတီဗင်စပီးဘက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်သမိုင်းမှာအအောင်မြင်ဆုံးအဖြစ် ၁၉၉၃ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့ပါတယ်။Box Office ကတော့ ၇၉၂ သန်းပါ။အဲဒီခေတ်ရဲ့ ဒီငွေပမာဏနဲ့ဆို ဘယ်လောက်များမလဲမှန်းကြည့်လို့ရပါတယ်။၁၉၉၃ မှာတော့ စတီဗင်စပီးဘတ်ကပဲ Jurassic Park နဲ့သူ့စံချိန်ကိုသူပြန်ချိုးခဲ့လို့ပါ။အဲဒီနောက်မှာတော့ တိုက်တင်းနစ်နဲ့ အဗာတာတို့ကပြန်ဦးဆောင်သွားခဲ့တာပါ။ဒီရုပ်ရှင်ကို ၁၉၈၂ မှာ သမ္မတနဲ့ သမ္မတကတော်အတွက်အိမ်ဖြူတော်မှာ သီးသန့်ပြသပေးခဲ့ရပါသေးတယ်။ဒီတော့ ရခဲ့တဲ့ ဆုလေးတွေကို ကြည့်ရအောင်။အော်စကာ ဆုပေးပွဲမှာ နောက်ခံဂီတဆု၊Sound Mixing ဆု၊ Visual Effect ဆု၊Sound Editing ဆု ဆိုပြီး ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊တည်းဖြတ်ဆု၊ မူလဇာတ်ညွှန်းဆု နဲ့Cinematography ဆုတွေ ဆန်ကာတင်ပါခဲ့ပါတယ်။******************– ပထမဆုံးအနေနဲ့ ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာက script ရေးသားခဲ့ပြီးscreenplay အဖြစ် ပြန်ရေးဖို့ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ဇနီးဖြစ်လာမယ့် Melissa Mathison က ကူညီခဲ့ပါတယ်။ဇာတ်လမ်းတစ်ခုလုံးက ယုတ္တိကျကျ လုံးဝဆန်းသစ်ပြီးလူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်သွားစေခဲ့ပါတယ်။အော်စကာလည်း ရခဲ့တယ်လေ။– သရုပ်ဆောင်အဖြစ်ကတော့ အဲလိယော့အဖြစ်သရုပ်ဆောင်ဖို့လူတွေ့စစ်ဆေးရွေးချယ်မှုတွေ လုပ်ခဲ့ပါတယ်။အဲလိယော့ကလေးနေရာမှာ သရုပ်ဆောင်မယ့်ဟင်နရီသောမက်လေးဟာ သူ့ရဲ့ခွေးလေးသေသွားတဲ့နေ့ကို ပြန်တွေးပြီး ငိုတဲ့အခန်းမှာသရုပ်ဆောင်ပြလိုက်တာ ဒါရိုက်တာကြီးကိုယ်တိုင်မျက်ရည်ကျရပြီးကို ဇာတ်လိုက်နေရာကို ရရှိသွားတာပါ။– ဒီရုပ်ရှင်ကို အသက်ကြီးမှ ပြန်ကြည့်တဲ့အခါသိပ်ကို ပီပြင်လွန်းတဲ့ နေရာတစ်ခုရှိပါတယ်။အဲဒါကတော့ အီးတီကို ဆရာဝန်တွေ အသက်ကယ်ဖို့အရေးပေါ် ကြိုးစားတဲ့အခန်းပါ။ဆေးပေးတာ၊ စစ်ဆေးတာ၊ အရေးပေါ်အသက်ကယ်တာ၊တဖြည်းဖြည်း အခြေအနေဆိုးလာပြီး သေပြီလို့ထင်သွားရတဲ့အထိ စကားလုံးတွေ လှုပ်ရှားမှုတွေကအရမ်းကို သဘာဝကျပြီး ပီပြင်ပါတယ်။အံံ့သြလွန်းလို့ ရှာကြည့်လိုက်တော့ ဒါရိုက်တာကြီးကအရေးပေါ်ခန်းက ဆရာဝန်တွေ သူနာပြုတွေကိုခေါ်ပြီး တကယ် အသက်ကယ်နေသလိုကိုလုပ်ခိုင်းပြောခိုင်းလိုက်ခဲ့လို့ပါပဲ။ဆရာဝန်တွေ သူတို့မမြင်ဖူးတဲ့ ဂြိုလ်သားတစ်ကောင်ကိုနည်းအမျိုးမျိုးနဲ့ အရေးပေါ် ကုတဲ့အခန်းကအရမ်းကို မှန်ကန်တိကျပါတယ်။အီးစီဂျီဖတ်ပြီး ကိုယ်ဝန်ရှိတဲ့အကွက်မျိုးတွေ မလာပါဘူး။နောက်ပြီးတော့ အထူးပြုလုပ်ချက်အနေနဲ့အီးတီနဲ့အတူ စက်ဘီးလေး မိုးပေါ်ပံျသွားတဲ့အခန်းကတော့ရုပ်ရှင်လောကရဲ့ မှတ်တိုင်အထိမ်းအမှတ်တစ်ခုလိုတောင်ဖြစ်လာခဲ့တာပါပဲ။လူတိုင်းမျက်စိထဲမှာလည်း အဲဒီအခန်းကိုစွဲနေကြပါတယ်။ဒါရိုက်တာရဲ့ အရည်အချင်းပါပဲ။– ရယ်ရတာတ
စ်ခုကတော့ ဒီရုပ်ရှင်မှာအီးတီကို မုန့်နဲ့မျှားခေါ်တဲ့အခန်းအတွက်M&M မုန့်လေးတွေကို သုံးဖို့ကုမ္ပဏီကို ခွင့်တောင်းခဲ့ပါတယ်။ကုမ္ပဏီက အီးတီဟာ ရုပ်ဆိုးလွန်းလို့ကလေးတွေ ကြောက်လိမ့်မယ်ဆိုပြီးသုံးခွင့်မပေးခဲ့လို့ Reese’s တံဆိပ်မုန့်တွေကိုပဲသုံးခဲ့ရပါတယ်။ဒီရုပ်ရှင်ကြောင့် Reese’s မုန့်ရောင်းရနှုန်းကတရှိန်ထိုးကို ထောင်တက်သွားတာပါပဲ။– Star wars ဖန်တွေ ပြန်ကြည့်ရင်အကြိုက်တွေ့မယ့် အချက်ကတော့ အီးတီဟာဟောလိုးဝင်းမှာ Yoda ဝတ်စုံကို ဝတ်ထားတဲ့ကလေးကို မှတ်မိနေကြောင်း ပြသခဲ့တာပါပဲ။အီးတီဟာ Yoda ကို သိပါတယ်ဗျာ။– အီးတီနေရာမှာတော့ အရပ် ၂ ပေကျော်ပဲ ရှိတဲ့လူပုလေး ၂ ယောက်ကို သရုပ်ဆောင်စေခဲ့ပြီးမီးဖိုချောင်ခန်းတွေမှာတော့ ၁၂ နှစ်အရွယ်ခြေထောက်မရှိဘဲ လက်နဲ့ပဲလမ်းလျှောက်တတ်တဲ့ ကလေးကသရုပ်ဆောင်ခဲ့ပါတယ်။ဒီတော့ ကျွန်တော်တို့ အိုကြီးအိုမတွေလည်းပြန်ခံစားနိုင်အောင်။ ကလေးတွေလည်းကြည့်ဖူးသွားအောင် တင်ပေးလိုက်ပါတယ်။

REVIEW CREDIT

-=-=-=-=-=-=-=-=-=-=

ENCODED BY HAY MAN

SIZE-700MB

RESOLUTION-1080P

-==-=-=-=-=-=-=-=-=-=-

Watch E.T. the Extra-Terrestrial