ကျွမ်းကျင်ဆုကြေးစားမုဆိုး တားမာဟာ အင်ပါယာတစ်ခုလုံးက အလိုအရှိဆုံး ဝရမ်းပြေးကြီး ကျိရှီလန်းကို ချန်အန်းမြိုဆီ အရောက်ပိုပေးရမယ့် သေရေးရှင်ရေးခရီးစဉ်ကို စတင်ပါတော့တယ်။ ဒီခရီးကြမ်းမှာ သူ့ရဲ့တူလေး ရှောက်ချီ၊ အားယွီယာနဲ့ ရှူ တိုလို မဟာမိတ်တွေ ပါဝင်လာပေမဲ့၊ သူတိုကို အသေသတ်ဖို ချောင်းနေတဲ့ တခြားဆုကြေးစားတွေ၊ ရက်စက်တဲ့ ကြေးစားဓားပြတွေနဲ့ အကျင့်ပျက် အရာရှိတွေရဲ့ ခြုံခိုတိုက်ခိုက်မှုတွေကို ကျယ်ပြောလှတဲ့ ကန္တာရကြီးထဲမှာ အကြိတ်အနယ် ရင်ဆိုင်ကြရပါတယ်။
ပုဂ္ဂိုလ်ရေးရန်ငြိုးတွေ၊ သစ္စာတရားတွေနဲ့ အသက်ရှင်သန်ရေးအတွက် မဖြစ်နိုင်တဲ့ အခြေအနေတွေကြားကနေ ရုန်းကန်ရမယ့် ဒီခရီးစဉ်မှာ တားမာတစ်ယောက် ဝရမ်းပြေးကြီးကို ချန်အန်းမြိုဆီ လုံလုံခြုံခြုံ ပိုဆောင်ပေးနိုင်ပါ့မလား။ ရန်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကန္တာရလမ်းခရီးမှာ သူတိုတွေ ဘယ်လို သက်စွန့်ဆံဖျား အခက်အခဲတွေကို ထပ်ပြီးရင်ဆိုင်ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ အတူတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။
Translated by MMFILM
Encoded by KIRA