ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ နန်းတွင်းကားကြည့်ရတာကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့
Yoo Ji-Sunကတော့ အမှန်တရားကိုမြတ်နိုးတဲ့တရားသူကြီးတစ်ဦးဖြစ်ပါတယ်
Lee Yeon-Jooကတော့ တိုင်းပြည်နဲ့ပြည်သူအပေါ်ကိုဂရုစိုက်တတ်တဲ့မင်းသမီးတစ်ပါးဖြစ်ပြီး
Kang Han Suကတော့ ဥပဒေကိုမျိုးစုံကစားတတ်တဲ့ရှေ့နေတစ်ဦးပဲဖြစ်ပါတယ်
နောက်ပြီး သူဟာသူ့မိဘတွေရဲ့သေဆုံးမှုတရားခံကိုရှာဖွေနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်
ဒီလိုနဲ့၃ယောက်သားဘယ်လိုမျိုးဆုံတွေ့ကြပြီး အမှုကိစ္စတွေဖော်ထုတ်ကြမလဲဆိုတာကိုတော့ ဆက်လက်ရှူစားပေးကြပါဦးနော်