ဆန်တာဘိုးဘိုးဟာ ခရစ္စမတ်ရောက်တိုင်း လိမ္မာတဲ့ကလေးတွေကို အရုပ်လက်ဆောင်ပေးလေ့ရှိပါတယ် ဒီနှစ်မှာတော့ အရုပ်ပြတ်လပ်မှုကြောင့် ဆန်တာဘိုးဘိုးရဲ့ အလုပ်ရုံဟာ အခက်တွေ့နေရပါတယ်
အဲဒီနောက်မှာတော့ နတ်သူငယ်မလေး မာဇီပန်နဲ့ သူမရဲ့မိခင် စင်နာမတ်တိုဟာ ခရစ်စ္စမတ်ကို ကယ်တင်ဖိုအတွက် မှော်၀င်သမင်ပျံလေး ဂလစ်ဆန်ကို ရှာဖွေဖို စွန့်စားခန်းတစ်ခု စတင်ခဲ့ပါတော့တယ်
မာဇီပန်နဲ့ စင်နာမတ်ကြားက ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားပြီး သူတိုနှစ်ယောက်သား အတားအဆီးတွေ ဖြတ်ကျော်ပုံနဲ့ ခရစ္စမတ်ရဲ့ လျှိဝှက်ဆန်းကြယ်မှုအပေါ် ယုံကြည်ချက် ထားရှိဖို အရေးကြီးပုံကို မီးမောင်းထိုးပြ ထားပါတယ် စိတ်လှုပ်ရှားမှုများစွာနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်ရဲ့ နှလုံးသားကို ညှိယူပေးတဲ့ အခိုက်အတန့်များကိုလည်း တွေ့မြင်ကြရမှာပါ
နွေးထွေးမှုအပြည့်ရှိတဲ့ စင်နာမတ်နဲ့ အပြစ်ကင်းစင်ပြီး ယုံကြည်ချက် ခိုင်မာတဲ့ မာဇီပန်တိုရဲ့ မှော်၀င်သမင်ပျံ ရှာပုံတော် ခရီးစဉ်ကို စိတ်၀င်တစား ကြည့်ရှုကြရမှာ ဖြစ်ပြီး ခရစ္စမတ်မှော်ပညာရဲ့ အနှစ်သာရကို ဖမ်းစားထားတဲ့ ကြည်နူးဖွယ်ကောင်းတဲ့ ကာတွန်းကားလေး တစ်ကား ဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
