“စည်းမျဉ်းတွေကြားက ရင်ခုန်သံ”
Romantic Comedy ဇာတ်လမ်းတွေထဲမှာ အချစ်အပေါ် အမြင်ချင်းမတူတဲ့သူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြည့်ချင်တဲ့သူတွေအတွက် Nam Ji-hyun၊ Kim Jae-young၊ Park So-jin နဲ့ Kang Tae-joo တို အဓိကပါဝင်ထားတဲ့ “Make Me Tingle” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Gong Yeon-su ဟာ ရိုးရာဓလေ့နဲ့ စည်းကမ်းတွေကို အလေးထားတဲ့ မိသားစုမှာ ကြီးပြင်းလာသူဖြစ်ပြီး အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း ကိုယ်ပိုင်စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာသူပါ။ ကြော်ငြာကုမ္ပဏီတစ်ခုမှာ Marketer အဖြစ် အလုပ်လုပ်နေတဲ့ Yeon-su ဟာ တစ်နေ့မှာ သူ့ကုမ္ပဏီရဲ့ Client ဖြစ်တဲ့ Dokgo Dal နဲ့ တွေ့ဆုံခဲ့ပါတယ်။ Dokgo Dal ကတော့ လိင်ပိုင်းဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ Startup ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်ပြီး အချစ်နဲ့ ရင်းနှီးမှုအပေါ် Yeon-su နဲ့ လုံးဝဆန့်ကျင်ဘက် အမြင်ရှိသူပါ။
Dokgo Dal က အချစ်မပါဘဲနဲ့လည်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရင်းနှီးမှုရှိနိုင်တယ်လို ယုံကြည်ထားသူဖြစ်ပေမဲ့ Yeon-su အတွက်တော့ အချစ်မရှိဘဲ ဆက်ဆံရေးတစ်ခုကို စတင်ဖိုဆိုတာ လက်ခံနိုင်စရာမဟုတ်ပါဘူး။ အလုပ်ကိစ္စကြောင့် မကြာခဏ တွေ့ဆုံရင်း အချင်းချင်းရဲ့ အမြင်တွေကို လက်မခံနိုင်ဘဲ ငြင်းခုံနေကြတဲ့ သူတိုနှစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ တစ်ယောက်အပေါ်တစ်ယောက် စိတ်ဝင်စားလာကြပါတယ်။
တစ်ဖက်မှာလည်း Yeon-su ရဲ့ သူငယ်ချင်းနဲ့ အလုပ်အကိုင်ဆိုင်ရာ ဆက်ဆံရေးတွေက သူ့ရဲ့ အချစ်ရေးအပေါ် သက်ရောက်မှုရှိလာပြီး Dokgo Dal နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Yoon Ji-oh ကြားမှာလည်း Yeon-su အတွက် ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာပါတယ်။ အချစ်ကို အရင်ယုံကြည်ပြီးမှ ရင်းနှီးမှုကို လက်ခံချင်တဲ့ Yeon-su နဲ့ အချစ်ကို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မကြည့်တဲ့ Dokgo Dal တိုရဲ့ ဆက်ဆံရေး ဘယ်လိုပြောင်းလဲလာမလဲဆိုတာ “Make Me Tingle” မှာ ကြည့်လိုက်ရအောင်လို ညွှန်းပေးချင်ပါတယ်နော်။
Translated by MMFILM K-Team
Encoded by KIRA




