Northman(2022)
———————
ဒီ Northman ဇာတ်ကားထဲမှာတော့ မင်းသား Alexander Skarguard က သားရဲတစ်ကောင်အလား လက်စားချေလိုစိတ်အပြည့်နဲ့
မင်းသား Amleth နေရာမှာသရုပ်ဆောင်ထားပြီး အသက်ငယ်ပေမဲ့ ပညာမငယ်တဲ့ မင်းသမီးလေး Anya Taylor-Joy ကတော့
Olga အဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင်အခြားသော နာမည်ကြီး သရုပ်ဆောင်တွေလည်းပါဝင်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးထွက်သံယိုတွေပါပေမဲ့
တကယ်ကို ကြမ်းကြမ်းရမ်းရမ်းနဲ့ ကြည့်လို့ ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာကတော့ Aurvandil War-Raven ဟာ စစ်ဘုရင်တစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှာ တော့ သူ့ညီ Fjoölnir ဟာ နန်းလုပြီး အကိုဖြစ်သူဘုရင်နဲ့ တူဖြစ်သူ Amleth တို့ကို ကျူပင်ခုတ် ကျုငုတ်မကျန် ဆိုသလို
အပြတ်ရှင်းပါတော့တယ်။ ဒါပေမဲ့လည်း မင်းသား Amleth ဟာ ထွက်ပြေးလွတ်မြောက်လာပြီး အဖေကိုသတ်ပြီး အမေဖြစ်သူကို
ဖမ်းခေါ်သွားတာကို မျက်မြင်တွေ့ချိန်မှာတော့ တချိန်ချိန် လက်စားပြန်ချေမယ်ဆိုတဲ့ စိတ်အပြည့်နဲ့ဆက်လက်ရှင်သန်နေခဲ့ပါတယ်။
Amlet တစ်ယောက် သူ့ရဲ့ လက်စားချေမှုကို ပြီးဆုံးတဲ့ထိ ဆောင်ရွက်နိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ကြည့်ကြပါစို့။
——————-
Translated By Hnin
Encoded by Zion