ဒီတစ်ခါမှာတော့ Aaron Pierre၊ Kyle Chandler၊ Kelly Macdonald နဲ့ Nathan Fillion တို အဓိကပါဝင်ထားတဲ့ Sci-Fi၊ Mystery၊ Crime Thriller ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စကြဝဠာကို ကာကွယ်စောင့်ရှောက်နေတဲ့ Green Lantern Corps ရဲ့ အဖွဲဝင်ဟောင်းကြီး Hal Jordan နဲ့ အခုမှ Green Lantern အဖြစ် စတင်ဝင်ရောက်လာတဲ့ John Stewart တိုဟာ အမေရိကန်ပြည်လယ်ပိုင်းက ထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းဖို အတူတကွ တာဝန်ယူရပါတော့တယ်။ အတွေ့အကြုံအပြည့်ရှိတဲ့ Hal နဲ့ အရာရာကို သင်ယူနေဆဲ John တိုနှစ်ယောက်ရဲ့ ပထမဆုံးပူးပေါင်းမှုက အစကတည်းက လွယ်ကူမနေခဲ့ပါဘူး။
သာမန်လူသတ်မှုတစ်ခုလို ထင်ထားခဲ့တဲ့အမှုကို နက်နက်ရှိင်းရှိင်း လိုက်လံစုံစမ်းလာရင်း ဒီဖြစ်ရပ်နောက်ကွယ်မှာ ကမ္ဘာမြေတစ်ခုတည်းနဲ့ မဆိုင်တဲ့ ထူးဆန်းသောအင်အားတွေ၊ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်တွေ ရှိနေမှန်း တဖြည်းဖြည်း သိလာကြပါတော့တယ်။ အမှန်တရားနဲ့ နီးကပ်လာလေလေ သူတိုနှစ်ယောက် ရင်ဆိုင်ရမယ့် အန္တရာယ်ကလည်း ပိုကြီးမားလာလေလေပါပဲ။
တစ်ယောက်က Green Lantern လောကရဲ့ အတွေ့အကြုံများတဲ့ အဖွဲဝင်ဟောင်းကြီး…
တစ်ယောက်ကတော့ ကိုယ့်တာဝန်အသစ်ကို နားလည်ဖို ကြိုးစားနေတဲ့ လူသစ်…
မတူညီတဲ့ သူတိုနှစ်ယောက်က လူသတ်မှုတစ်ခုရဲ့ အမှန်တရားကို လိုက်လံရှာဖွေရင်း စကြဝဠာအထိ ဆက်နွယ်နေတဲ့ လျှိဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲ၊ သူတိုရှာဖွေနေတဲ့ အမှန်တရားက ကမ္ဘာမြေရဲ့ အနာဂတ်ကိုပါ ပြောင်းလဲပစ်နိုင်မလားဆိုတာကို Sci-Fi Mystery ကြမ်းကြမ်းနဲ့ ကြည့်ရှုချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲလေးပါလို ညွှန်းပေးချင်ပါတယ်နော်။




