ဒီတစ်ခါတော့ Netflix ရဲ့ action ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ..။
ဆေးရုတစ်ခုမှာ နိုးလာတဲ့ ဂျွန်ကိန်းဟာ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေပါတယ်။
သူကဘယ်သူ..ဘာလုပ်ခဲ့တယ် ..မိသားစုကဘယ်သူဆိုတာကို ဘာမှမမှတ်မိတော့တာကြောင့် ဇနီးဖြစ်သူကသာ သူ့ကိုပြောပြပေးနေရပါတယ်။
ဒါပေမဲ့နောက်ပိုင်း သူသိလာတာက အနားမှာရှိနေတဲ့သူ့ဇနီးဆိုတာလည်း ဇနီးသည်အစစ်မဟုတ်သလို ..သူ့ညီအစ်ကိုလိုခင်ရတယ်ဆိုတဲ့ အက်ဒီကလည်း သူ့ကိုအကြောင်းတစ်ခုကြောင့် စောင့်ကြည့်နေတယ်ဆိုတာသိလာရတယ်။
သူတိုအားလုံး တညီတညွတ်တည်း သိချင်နေတဲ့အရာက ‘အဲဒါကဘယ်မှာလဲ ‘ဆိုတဲ့စကားပါပဲ။
ဒီတော့ ကိန်း တစ်ယောက် သူ့ဘဝအမှန်ကိုရော..သူ့နောက်ကိုလိုက်နေတဲ့ လူတွေလိုချင်နေတာက ဘာလဲဆိုတာရော ..ပြီးတော့ အဲဒီပစ္စည်းကတကယ်ပဲ သူ့မှာရှိနေသလား….ဆိုတာကိုပါ တစ်ယောက်တည်း စုံစမ်းဖော်ထုတ်ရပါတော့တယ်..။ စုံစမ်းရင်းက သူဘာတွေသိလာရမလဲ..ဘာတွေကြုံတွေ့ရမလဲဆိုတာ သူနဲ့အတူ လိုက်ပါစီးမျောကြရအောင်ပါ။
Reviewed by Ariel Translated by MMFilm Encoded by Aye Chan