2023 ရဲ့ Action Movieအသစ်လေးထပ်မံထွက်ရှိလိုလာပါပြီ အဲ့ဒါကတော့တခြားမဟုတ်ပဲ Luke Wilson တို Dolph Lundgrenတိုလိုမင်းသားကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ The Best Manဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်ကားကတော့ဇာတ်ကားနာမည်အတိုင်း မင်္ဂလာပွဲတစ်ခုမှာဖြစ်ပျက်သွားရမယ့်အကြောင်းလေးပေါ့ အကျဥ်းချုပ်ကတော့ အရင်ကကြေးစားတပ်ဖွဲထဲက ကယ်လ်ဆိုတဲ့သူက မင်္ဂလာဆောင်တော့မှာမိုလို သူ့ရဲတွဲဖက်ဟောင်းမှာဖြစ်ကြတဲ့ ဘရတ်ဒလေနဲ့ အန်ဒရေးစ်တိုကိုဖိတ်ခဲ့ပါတယ် အဲ့မှာ ကယ်လ်နဲ့လက်ထပ်မယ့်သူကလည်း တခြားသူမဟုတ်ပဲ ကြီးကြီးတက်ချမ်းသာတဲသူဌေးကြီးတစ်ယောက်ရဲသမီး ဘရွတ်ဆိုတဲမိန်းမချောလေးပဲဖြစ်ပါတယ် အဲ့လိုနဲ့မင်္ဂလာပွဲနေ့ကျတော့ မထင်မှတ်ထားတဲ့လူတစ်စုက မင်္ဂလာဆောင်ကိုအနုကြမ်းဝင်စီးပြီး ဘရွတ်ရဲ့အဖေကိုငွေပေါင်းများစွာ ခြိမ်းခြောက်အနုကြမ်းစီးပါလေရော
အဲ့လိုနဲ့ဒီအနုကြမ်းစီးမှုကို ကြေးစားတပ်သားဟောင်းတွေဖြစ်ကြတဲ့ ကယ်လ်၊ ဘရတ်ဒလေနဲ့ အန်းဒရေးစ်တိုက ဘယ်လိုတွေဖြေရှင်းသွားမလဲ ဒီအနုကြမ်းစီးမှုကကော သာမန်သွေးရိုးသားရိုးပိုက်ဆံလိုချင်ရုံသက်သက်လားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
