ဒီဇာတ်လမ်းကတော့ စိတ်ကူးဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘဲနဲ့ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်....
1992 ခုနှစ်က ဖြစ်ခဲ့တဲ့ လူသတ်မှုတစ်ခုမှာ ထူးဆန်းတဲ့ ဝိညာဉ်တစ်ခုကိုတွေ့လိုက်ရတယ်ဆိုတဲ့ ရှေ့နေတွေကြားထဲမှာလူပြောများတဲ့ အမှုအကြောင်းကိုသိလိုက်ရတဲ့ ပီဒီ ဂင်ဆူချန်းအနေနဲ့ကတော့ ဒီအမှုကိုစပြီးစုံစမ်းတူးဖော်ကြည့်ရာကနေ စတင်ထားတာဖြစ်ပါတယ်....
အမှတ်မထင်စပြီးစုံစမ်းလိုက်တဲ့အမှုတစ်ခုကနေ မထင်မှတ်ထားတဲ့သိပ္ပံနည်းကျလက်တွေ့ပြလိုမရတဲ့အရာတွေနဲ့ ရင်ဆိုင်ကြရတဲ့အခါ
ဒီရိုက်ကူးရေးအဖွဲအနေနဲ့ ဘာတွေဆက်ပြီးကြုံတွေ့ကြရမလဲ...
ဘယ်လိုအရာတွေကများဆီးကြိုနေမှာလဲ...
အစရှိတာတွေကို အသည်းတယားယားနဲ့ ကြည့်ရှုရမှာဖြစ်ပြီး ရုပ်ရှင်ကားတွေနဲ့မတူဘဲ တစ်မူထူးတဲ့ခံစားမှုမျိုးကိုပေးစွမ်းတဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်...
Translated & Reviewed by StayK
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ