ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား ဖြစ်ပါတယ်။
ဇာတ်လမ်း အကျဥ်းကတော့ ဂျွိင်း ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ ဒဲရစ်ရဲ့ အကြမ်းဖက် နှိပ်စက် မှုတွေကြောင့် စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူ ကာမင် က ဂျွိင်း ကို စိတ် ရောဂါပညာရှင်ဒေါက်တာဒန်လေ ရဲ့ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း သဘာဝတရားနဲ့ထိတွေ့ပြီးစိတ် ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ဂျွိင်း တိုနှစ်ယောက်က ဒေါက်တာ ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတိုလိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။
ခရီးစပြီးမကြာမီ ဂျွိင်း တစ်ယောက် တောထဲမှာ သူတိုကိုနောက်ယောင်ခံ လိုက်နေသူတစ်ဦးရှိနေတယ်လို သံသယဝင်လာပါတော့တယ်။ မကြာခင်သူတိုငါးယောက်ဟာ သူတိုအတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ ကြုံတွေ့ ရပါတော့တယ်။
ဖြစ်တဲ့ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို ကုသပေးတယ်ဆိုပေမဲ့ ဂျွိင်း တိုအတွက်ကတော့ ဒီသဘာဝတရားက သူတိုစိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။
Reviewed & Reviewed by Kim Shin
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ