ယခုမိတ်ဆက်ပေးမှာကတော့ လောလောလတ်လတ်အသစ်ထွက်ရှိလာတဲ့ Graphic အကောင်းစား Animationအကောင်းစားတွေပါဝင်တဲ့ကာတွန်းကားကောင်းလေးပဲဖြစ်ပါတယ် IMDBအနေနဲ့ကလည်း 7.4တောင်ဆိုတော့ ထွေထွေထူးထူးညွှန်းပြနေစရာလိုမယ်လိုတောင်မထင်ပါဘူးဗျ
ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင်တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက်နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင်ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီးလေးကို ကယ်တင်ဖိုအတွက် တောစောင့်နတ်ကြီးဆီကနေဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ်
သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုးမသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ်ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို
အပိုင်သိမ်းဖို ကြိုးစားတော့တာပါပဲ။အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေစတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတိုခေတ်ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင်
လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကိုအဲဒီသစ်ပင်ရှာဖို ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။
Reviewed & Reviewed by Kim Shin
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ