Love in Disguise (2026)
Yun I Jun ဟာ အကာအကွယ်ပေးခံရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ခပ်ကြောင်ကြောင် အမူအကျင့်ရှိသူ၊ ချယ်ဘိုလ်မိသားစုရဲ့ တတိယမျိုးဆက် အမွေဆက်ခံသူတစ်ဦးပါ သူ့ရဲ့ အတွင်းရေးမှူးဟောင်းဟာ ထူးဆန်းနက်နဲတဲ့ လူသတ်မှုတစ်ခုမှာ သေဆုံးသွားခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ Yun I Jun ကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ခံထားရပါတယ် အဲဒီနောက် အတွင်းရေးမှူးအသစ်အဖြစ် “အမျိုးသား” တစ်ဦး ရောက်ရှိလာပေမဲ့ သူမမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေမှန်း Yun I Jun မသိခဲ့ပါဘူး
အမှန်တရားကို ဖော်ထုတ်ဖို့အတွက် အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး နောက်ပိုင်း ရဲအရာရှိဖြစ်လာသူ Kang Jae Hui က အမျိုးသားအသွင်ယူကာ Yun I Jun ရဲ့ ကိုယ်ရေးအတွင်းရေးမှူးနဲ့ သက်တော်စောင့်အဖြစ် လျှို့ဝှက်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ် ထူးခြားတဲ့ ခွန်အားနဲ့ ကိုယ်ခံပညာစွမ်းရည်တွေကြောင့် “လူသားလက်နက်” လို့တောင် နာမည်ကြီးသူပါ
Yun I Jun ကို အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးနေရင်း တစ်ဖက်မှာလည်း သူ့ကို တိတ်တဆိတ် စုံစမ်းစစ်ဆေးနေတဲ့ Kang Jae Hui တစ်ယောက်ဟာ ဖုံးကွယ်ထားတဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ၊ မမျှော်လင့်ထားတဲ့ အချစ်ရင်ခုန်မှုတွေနဲ့ ရယ်စရာကောင်းတဲ့ အလွဲအချော်တွေကြားမှာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမယ့် အချစ်ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်




