အမှောင်ထဲက လမ်းပြကြယ် (把黑夜点燃)
Light the dark [2026]
လျှိဝှက်ထားတဲ့ အမှုဟောင်းတွေ၊ မိသားစုအတွင်းက အရှုပ်အထွေးတွေနဲ့ အမှန်တရားကို တဖြည်းဖြည်းဖော်ထုတ်သွားတဲ့ ဇာတ်လမ်းမျိုး ကြိုက်ရင် Chen Zheyuan၊ Jiang Xin၊ Ren Zhong၊ Zhang Guoqiang၊ Guo Cheng နဲ့ Chen Chuhan တို ပါဝင်ထားတဲ့ တရုတ်စီးရီး “Light the Dark” ကို ကြည့်ရမယ်လိုပဲပြောချင်ပါတယ်။
ဇာတ်လမ်းက ၁၉၉၇ ခုနှစ် Wugang မြိုက ရေနံလုပ်ငန်းဝန်ထမ်းမိသားစုတစ်စုနဲ့ စတင်ပါတယ်။ Chen Shan ရဲ့ မိသားစုဟာ ရေနံလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်တွေမှာ ကိုယ်စီတာဝန်ယူနေကြပြီး ပုံမှန်ဘဝကို ဖြတ်သန်းနေကြတာပါ။ ဒါပေမဲ့ ရုတ်တရက်ဖြစ်ပွားလာတဲ့ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဖခင် Chen Fu သေဆုံးသွားတဲ့အခါ မိသားစုတစ်ခုလုံးရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း Chen Shan ဟာ မိသားစုနဲ့ ဝေးကွာသွားပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို ဆုံးဖြတ်ခဲ့ပါတယ်။
လေးနှစ်ကြာပြီးနောက် ရေနံလုပ်ငန်းနဲ့ ဆက်စပ်တဲ့ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလာပါတယ်။ ဒီတစ်ကြိမ်မှာတော့ အရင်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေသူတွေပါ ပေါ်လာပြီး Chen Shan ဟာ သူ့မိသားစုကို ဆုံးရှုးစေခဲ့တဲ့ ဖြစ်ရပ်ဟောင်းကို ပြန်လည်စုံစမ်းဖို အကြောင်းဖန်လာပါတယ်။ အမှုတစ်ခုကို လိုက်လံစုံစမ်းရင်း အရင်က မသိခဲ့ရတဲ့ အချက်အလက်တွေ ပေါ်ထွက်လာသလို မိသားစုဝင်တွေကြားမှာလည်း ဖုံးကွယ်ထားခဲ့တဲ့ အကြောင်းအရာတွေ ရှိနေကြောင်း သိလာရပါတယ်။
အတိတ်က အဖြစ်အပျက်တွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အမှုတွေကို ဆက်စပ်ရှာဖွေရင်း Chen Shan ဟာ အစ်မ Chen Ying နဲ့အတူ အမှန်တရားကို ဖော်ထုတ်ဖို ကြိုးစားရပါတော့တယ်။ ရေနံလုပ်ငန်းနောက်ကွယ်က လျှိဝှက်ချက်တွေ၊ မိသားစုရဲ့ ဆုံးရှုးမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့တဲ့ အမှန်တရားတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာ “Light the Dark” မှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
Translated by MMFILM C-Team
Encoded by KIRA




