ဒီတစ်ခါမိတ်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ လူတိုင်းမက်ဖူးတဲ့အိမ်မက်အကြောင်းလေးပဲဖြစ်ပါတယ်
အိမ်မက်မက်တဲ့အခါ အသိစိတ်က လူနဲ့ဝေးကွာနေတာဖြစ်သလို လက်တွေ့လည်းမဟုတ်တာကြောင့် စိတ်ထဲရှိတဲ့အတိုင်းလုပ်လိုရတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့အိမ်မက်ကတခြားသူတစ်ယောက်ယောက်ရဲ့အိမ်မက်နဲ့ချိတ်ဆက်နေမယ်ဆိုရင်….
ဟုန်းဟွာဆိုတဲ့ကောင်မလေးက ဘဝမှာအခက်အခဲများစွာနဲ့ ပင်ပင်ပန်းပန်းနေထိုင်နေရတဲ့သူပဲဖြစ်ပါတယ်။ ပန်းချီကိုစိတ်ဝင်စားပေမဲ့ မိသားစုအခြေအနေကြောင့် လက်လျှော့ထားရတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျီအွန်းကတော့ သက်တောင့်သက်သာနဲ့ နေနိုင်ပြီး ပန်းချီပြပွဲအထိလုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ဟုန်းဟွာမှာ သူများအိမ်မက်တွေထဲကိုဝင်ကြည့်နိုင်တဲ့ထူးခြားတဲ့အစွမ်းတစ်ခုရှိနေခဲ့ပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ သူများအိမ်မက်ထဲဝင်ကြည့်နိုင်ရုံမက ကိုယ့်အိမ်မက်ကိုပါထိန်းချုပ်နိုင်လာခဲ့ပါတယ်။
တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူဂျီအွန်းကို လူသတ်သမားတစ်ယောက်ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ ဟုန်းဟွာတစ်ယောက်သူငယ်ချင်းအိမ်မက်ကနေတစ်ဆင့် လူသတ်သမားကိုတွေ့ခဲ့ရပြီး လူသတ်သမားမှာလည်းသူ့လိုမျိုးအိမ်မက်ကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိကြောင်းသိသွားခဲ့တဲ့အခါမှာတော့….
စိတ်ကူးယဥ်ဇာတ်လမ်းကို ဆန်းဆန်းပြားပြားလေးရိုက်ပြထားပြီး လူတွေရဲ့ အသိစိတ်နဲ့ဖုံးကွယ်ထားတဲ့ အတွင်းစိတ်ကိုဖော်ပြရိုက်ကူးထားတာမလိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
Reviewed by Rhea
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ