ဒီသည်းထိပ်ရင်ဖိုဇာတ်ကားလေးကတော့ Hell House LLC franchise ရဲ့ လေးကားမြောက်ဖြစ်ပြီး Hell House LLC (2015) မတိုင်ခင် ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
သရဲခြောက်တယ်ဆိုတဲ့နေရာတွေကို သွားစုံစမ်းစပ်စုအဖြေရှာတတ်ကြတဲ့ အင်တာနက်စုံထောက် ချစ်သူစုံတွဲတစ်တွဲက လူသူဝေးခေါင်တဲ့ အရင်မိသားစုဝင် တစ်ဝက် အသတ်ခံလိုက်ရပြီး တစ်ဝက် ပျောက်ဆုံးနေတဲ့ ကာမိုက်ကယ် အိမ်ကြီးဆီကို ရောက်လာခဲ့ကြပါတယ်။
နောက်တော့ မာဂေါ့က သူ့ရဲ့မောင် ချေ့စ်ကိုပါ အဖော်ခေါ်ခဲ့ပြီး အိမ်ကြီးမှာ ငါးညတိတိနေပြီး ကင်မရာ သုံးလုံးနဲ့ သူတိုရဲ့ နေ့စဉ် ဘဝမှတ်တမ်းတွေကို ရိုက်ကူးဖိုဆုံးဖြတ်ခဲ့ကြပါတယ်။ ပထမညမှာ အစမ်းပြတာလေးတွေကို ဘာမှမဖြစ်ခဲ့ကြပေမယ့် မီးလောင်သွားတဲ့ ဟိုတယ်ရဲ့ လက်ကျန်ရှေးဟောင်းပစ္စည်းတွေ ပြန်ရောင်းတဲ့ဆိုင်မှာ နာရီကြီးတစ်လုံးရဲ့ လျှိဝှက်အံဆွဲထဲက အဖြေရှာမရခဲ့တဲ့ သဲလွန်စတွေကို ရှာတွေ့ပြီးနောက်မှာတော့…
ရုပ်ရှင်တစ်ခုလုံးကို ကင်မရာမှတ်တမ်းအနေနဲ့ပဲ ကြည့်ရမှာဖြစ်ပြီး အဲ့ဒီအိမ်ကြီးကနေ သူတိုတွေ လွှတ်မြောက်နိုင်ပါ့မလား အဖြေရှာနိုင်မလားဆိုတာကို ရင်တမမ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ