အားလပ်ရက်မှာ အပန်းဖြေခရီးစဥ်ထွက်ခွာကြမဲ့ လူတစ်စု လိုက်ပါလာတဲ့ လေယာဉ်ဟာ သမုဒ္ဒရာထဲကို ပျက်ကျ နစ်မြုပ်သွားပြီး မထင်မှတ်ဘဲ သူတိုဟာ လေယာဉ်ထဲမှာပဲ စွန့်စားခရီးစဉ်ကို ဖြတ်သန်းခဲ့ကြရပါတယ် အဲဒီနောက်မှာတော့ လေယာဉ်ထဲကနေ လွတ်မြောက်ဖို ကြောက်မက်ဖွယ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတော့တယ် ဇာတ်ကောင် တစ်ဦးချင်းစီရဲ့ မတူညီတဲ့စရိုက် တတ်ကျွမ်းတဲ့ ပညာရပ်တွေနဲ့ ကြုံတွေ့နေရတဲ့ အရာတွေပေါ်မှာ ရှင်သန်ဖိုအတွက် ရုန်းကန်ကြရတဲ့ စွန့်စားခန့် ဇာတ်လမ်းတစ်ပုဒ်အဖြစ် ထွက်ပေါ်လာပါတယ်
ရေပတ်လည်ဝိုင်းနေတဲ့ကြားမှာ ငါးမန်းတွေရဲ့ ခြိမ်းချောက်မှုတွေဟာ သည်းထိတ်ရင်ဖိုစရာ အလွှာတစ်ခု အဖြစ်ထပ်လောင်းထားပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ ဇာတ်ကြောင်းဟာ သမားရိုးကျ အသက်ရှင်ကျန်ရစ်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကျော်လွန်ပြီး ရင်တထိတ်ထိတ်နဲ့ စိတ်ခံစားမှုကို စွဲဆောင်ထားတဲ့ ဇာတ်ကားတစ်ကားအဖြစ် ပုံဖော်ထားပါတယ်
–Translated & Reviewed by Hyo
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်