ဒီဇာတ်ကားလေးကတော့ သိပ္ပံစိတ်ကူးယဉ်ကားဆိုပေမယ့် ဇာတ်ကားတစ်ဝက်လောက်ထိ ပရိသတ်က အဓိကလူဆိုးကို မသိရတဲ့ plot twistနဲ့ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ ဘလိတ်ခ်နဲ့ ဂျိမ်းစ်တိုနှစ်ယောက်ဟာ အလုပ်ရှင်ရဲ့စေခိုင်းချက်အရ ဘဏ်ကိုဓားပြတိုက်ပြီး စက်ပစ္စည်းတစ်ခုကိုသွားရောက်ခိုးယူပါတယ်။ ကံဆိုးစွာနဲ့ ဂျိမ်းစ်ဟာ ခြေထောက်ကို သေနတ်အပစ်ခံလိုက်ရတာကြောင့် ချက်ချင်းထွက်မပြေးနိုင်ဘဲ ရဲတွေရန်ကလွတ်ဖို အဆောက်အဦးဟောင်းကြီးထဲ ဝင်ခိုလှုဖိုဖြစ်လာပါတယ်။
အဆောက်အဦးထဲလျှောက်ကြည့်ကြရင်း ၈၀ခုနှစ်ကာလက ပျက်စီးနေတဲ့ ကွန်ပြူတာတွေနဲ့ ရုံးခန်းတွေကိုတွေ့ရှိလိုက်ရပါတယ်။ အဲ့ထဲကမှ စာရွက်အပိုင်းအစတွေမှာ တွေ့ရတာက “ပရောဂျက် ဒေါ်ရသီ”ဆိုတာပါ။ ဒီလိုနဲ့ လျှောက်မွေနှောက်ရင်း ကွန်ပြူတာတစ်ခုက ဗီဒီယိုမှတ်တမ်းအဟောင်းတွေ တွေ့လိုက်ရတဲ့အခါမှာတော့…သူတိုနေနေတဲ့ အဆောက်အအုံထဲမှာ အရင်က သိပ္ပံပညာရှင်တွေ မတော်တဆဖန်တီးမိခဲ့ကြတဲ့ မကောင်းဆိုးဝါးတစ်ခုအကြောင်းသိရှိသွားပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ သူတိုတွေ လွတ်မြောက်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်.
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
