The Substance (2024)
ငယ်ရွယ်မှူဟာ နှစ်ခါပြန်မရဆိုသလိုပဲ နာမည်ကြီးအေးရိုးဗစ်မယ် အဲလီဇဘတ်စပါကယ်ဟာ သူမရဲ့အသက်၅၀ပြည့်မွေးနေ့မှာ အသက်ရွယ်ကြီးရင့်လာမှုကြောင့် အေရိုးဗစ်ရှိုးကနေ အလုပ်ထုတ်ခြင်း ခံခဲ့ရပါတယ် ဒါကြောင့် အဲလီဇဘတ်ဟာ ဝမ်းနည်းကြေကွဲပြီး သူမရဲ့ငယ်ရွယ်လှပမှုကို တောင့်တမိပါတော့တယ် ပိုမိုကောင်းမွန်တဲ့ ပုံရိပ်သစ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိသွားချိန်မှာတော့ အဲလီဇဘတ်ဟာ သူမရဲ့ကိုယ်ပွားတစ်ခု ဆူးဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးခဲ့ပါတယ်
ခန္ဓာကိုယ်အချိုးအစားမိမိုက်တဲ့ မိန်းမလှလေးဆူးဟာ ခဏအတွင်းမှာပဲ လူတွေပါးစပ်ဖျား ရေပန်းစားလာပါတော့တယ် ဒီလိုနဲ့ ဟန်ချက်ညီမှုစည်းကို ဖောက်ဖျက်ခဲ့တဲ့ဆူးဟာ တစ်စထက်တစ်စ အဲလီဇဘတ်ရဲ့နေရာကို ခိုးယူလာခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ အဲလီဇဘတ်ဟာ ကိုယ့်ဇာတ်ကိုယ်မနိုင်တော့ဘဲ အကျိုးဆက်တွေကို ခံစားရပါတော့တယ် နောက်ဆုံးမှာတော့ အဲလီဇဘတ်နဲ့ဆူးတို့နှစ်ယောက်မှာ ဘယ်လိုဖြစ်တည်မှုက ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ ပွင့်လင်းမြင်သာပြီး ရွံရှာဖွယ်ဇာတ်ကွက်တွေပါဝင်တာကြောင့် ချင့်ချိန်ပြီး ကြည့်ရှုကြဖို့သတိပေးချင်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်