Conclave (2024)
ဒီဇာတ်ကားကတော့ ဘာသာရေးနဲ့ နိုင်ငံရေးဆန်ဆန်သဘောတရား ပြင်းထန်မှုကို ရောနှောထားတာဖြစ်ပြီး ဘုန်းတော်ကြီးလောရန့်စ်ရဲ့ လျှို့ဝှက်ချက် ရှာပုံတော်ခရီးစဉ်ကို ဗဟိုပြုကာ ရိုက်ကူးထားတာပါ ချာ့ခ်ျကျောင်းတော်ရဲ့ အမြင့်မြတ်ဆုံးသော ထုံးတမ်းတွေထဲကမှ တစ်ခုဖြစ်တဲ့ ပုပ်ရဟန်းမင်းအသစ် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဇာတ်ကြောင်းကို ကြည့်ရှုကြရမှာဖြစ်ပြီး အစဉ်အလာ၊ အာဏာနဲ့ လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ပုပ်ရဟန်းမင်းတင်မြှောက်ပွဲကို တွေ့မြင်ရမှာဖြစ်ပါတယ်
ဘုန်းတော်ကြီးလောရန့်စ်ဟာ ချာ့ချ်ကျောင်းတော်ရဲ့ မြှုပ်နှံထားတဲ့ လျှို့ဝှက်အမှန်တရားကို စတင်ဖော်ထုတ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက သိသိသာသာ အလှည့်အပြောင်းဖြစ်လာပါတယ် တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ရုပ်ရှင်ဟာ အကျင့်စာရိတ္တ၊ ခေါင်းဆောင်မှုနဲ့ လူသားတို့ရဲ့ ချို့ယွင်းချက် ဘုရားသခင်ရဲ့ရည်ရွယ်ချက်တို့ကြား တွေးခေါ်စရာတွေနဲ့ ပြည့်နှက်လာပြီး သမိုင်း၊ ဘာသာတရားနဲ့ အမှန်တရားလိုက်စားမှုတို့ရဲ့ အပြန်အလှန် ပေါင်းစပ်ခြင်းကို စိတ်ပါဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်