ဒီကားလေးကတော့ Horror/ Comedy ကားလေးဖြစ်ပါတယ်။
ဒီကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ပါဝင်ထားကြပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ရယ်ရမယ့်ဇာတ်ကားလေးပါ။
ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သူတို့နှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။ သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရှုရမှာပါ။
Translated & Reviewed by MooN
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်