The Legend of Lake Hollow(2024)
မာ့ခ်ဝဲလေ့စ်တို့သူငယ်ချင်းတစ်စုဟာ အပန်းဖြေအနားယူဖို့အတွက် ဟောလိုရေကန်ကြီးဘေးက အိမ်ထဲမှာတည်းခိုခဲ့ကြပါတယ် အဲအချိန်ကစပြီး ညဘက်မှာရော နေ့ဘက်မှာပါ ဆိုးဆိုးရွားရွား အော်သံတွေ၊ ရေကန်ထဲက ထွက်လာတဲ့ စိုရွှဲနေတဲ့လူတွေ၊ ညအခါမှာထွက်ပေါ်လာတဲ့ မီးပုံပွဲတွေကို မြင်တွေ့လာရပါတယ် ခြောက်ခြားစရာပုံရိပ်တွေဟာ စောင့်ကြည့်ကင်မရာထဲမှာ ပေါ်လာတာနဲ့အမျှ မာ့ခ်တို့သူငယ်ချင်းတစ်သိုက်ဟာ ဒေသခံတွေရဲ့ အမြစ်တွယ်နေတဲ့ ရိုးရာပုံပြင်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှူထဲ ဆွဲသွင်းခံရပါတော့တယ်
သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေကို ကြိုက်နှစ်သက်တဲ့ horror fanတွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းမှာ မဟုတ်ပေမဲ့ ဒဏ္ဍာရီဆန်ဆန် သဘာဝလွန်သည်းထိတ်ရင်ဖိုဖွယ် ဇာတ်အိမ်ကိုကြည့်ရှူချင်သူတွေအတွက်တော့ မှန်းဆမရတဲ့အတွေ့အကြုံတွေကို ပေးဆောင်နိုင်မဲ့ ရုပ်ရှင်ဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်