The Unholy ( 2021 )
-=-=-=-=-=-=-=-=-==-
ဘာသာတရားနဲ့ဆိုင်တဲ့ ထူးဆန်းမှု ထူးခြားမှုနဲ့ ခြောက်ခြားမှုလေးတွေကိုကြိုက်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ…
မာသာ မယ်ရီနဲ့သတ်ဆိုင်တဲ့ အစွမ်းသတ္တိတန်းခိုးတွေ ကိုရလာတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ
တကယ်တော့အဲဒီကောင်မလေးက စွံ့အနားမကြားဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပါ
တစ်နေ့မှာ မာသာ မယ်ရီရဲ့ ချဉ်းကပ်မှုကြောင့် အဲဒီကောင်မလေးဟာအကောင်းအတိုင်းပြန်ဖြစ်လာရုံသာမက
တစ်ခြား ကင်ဆာရောဂါသည် ဒုက္ခိတတွေကိုကုသနိုင်တဲ့အထိ အစွမ်းသတ္တိတွေကို ရလာခဲ့ပါတယ်။
သူက ဘုရားကျောင်းတစ်ခုမှာကုသပေးနေတာဆိုတော့ အဲဒီဘုရားကျောင်းလည်းနာမည်တွင်လာတာာပေါ့ …
ဒါပေမဲ့ တကယ်တော့ အပေးအယူဆိုတာ အရာရာတိုင်းမှာရှိသလို အတု အစစ် ဆိုတာလည်း အရာရာတိုင်းမှာရှိပါတယ်..
ကောင်မလေး က တကယ်မာသာမယ်ရီ ရဲ့ ချဉ်းကပ်ခြင်းကို ခံရတာလား …
လိမ်ညာနေတာလား…
တခြားမကောင်းဆိုးရွား တစ်ကောင်နဲ့အပေးအယူဆိုရင်ရော….