ဒီကားမှာတော့The Dark Lord, Sauron ရဲ့ Spirit က တစ်ဖန်ပြန် လည်နိုးထလာပြီး၊ သူရဲ့ လက်စွပ်ကို ပြန်ရှာနေတဲ့အချိန်ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ Bilbo Baggins ကလည်း တစ်ချိန်တုန်းက သူအသုံးပြုခဲ့တဲ့ ကိုယ်ပျောက်လက်စွပ်ကိုသူရဲ့ တူဖြစ်တဲ့ Frodo ကို အမွေပေးခဲ့ပါတယ်။
ဒါကို Gandalf က သတိထားမိသွားပါတယ် ဒီလက်စွပ်ဟာ တစ်ချိန်တုန်းက Middle Earth ရဲ့ ရန်သူ Orc တွေရဲ့ခေါင်းဆောင် Sauron ရဲ့ လက်စွပ်ဖြစ်မှန်းသိသွားခဲ့ပြီးSauron က သူ့ရဲ့ တပည့်တွေကို စေလွှတ်ပြီး လိုက်ရှာနေတာကြောင့် Frodo ကို သူတို့ရဲ့မြို့ကနေ အမြန်ဆုံးထွက်ခွာပြီး Bree ကို အရောက်သွားဖို့ စေလွှတ်လိုက်ပြီး၊ သူကိုယ်တိုင်ကတော့သူ့ရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ Saruman ကိုသွားပြီး တိုင်ပင်ဖို့ ထွက်ခွာခဲ့ပါတယ်။ Frodo နဲ့ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ Sam, Marry, Pippin တို့က Bree မရောက်ခင်မှာSauron ရဲ့ တပည့်တွေဖြစ်တဲ့ Nazgul (Undead Human Kings) တွေလက်က လက်မလေးတင် လွတ်ခဲ့ပြီး၊
ဒီလက်စွပ်က သူ့ကိုယ်ပိုင် အစွမ်းရှိသလို Sauron ကိုပဲ သစ္စာရှိပြီး၊ Sauron ထံပြန်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ဒါ့အပြင် ဘယ်သူ့ကိုမဆို ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Frodo ကတော့ ဒီလက်စွပ်ကို စိတ်ဝင်စားမှုမပြသလို၊ သူ့အပေါ်ကို သိပ်ပြီး သက်ရောက်မှုမရှိတဲ့အတွက်၊ လက်စွပ်ကို Frodo ကိုပဲ ပေးထားပြီး၊ဖျက်ဆီးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒီလက်စွပ်ကို ဘယ်လက်နှက်နဲ့ မှဖျက်စီးလို့ မရပါပဲ လက်စွပ်ကို ပန်းထိမ်လုပ်ခဲ့တဲ့ Mount Doom လို့ခေါ်တဲ့မီးတောင်ထဲကိုပစ်ချမှပဲ ဖျက်ဆီးလို့ရမှာဖြစ်ပါတယ်။
Translated by - Nezu
Encoded by - Nezu