Switch Mode

The Terminal ( 2004 )

Movie Sub Released on September 9, 2021 · ? views · Posted by admin · Series The Terminal
Expand
Turn Off Light
Streamsb 1080P

Download The Terminal ( 2004 ), Watch The Terminal ( 2004 ), don't forget to click on the like and share button. Series The Terminal always updated at MMFILM. Don't forget to watch other series updates.

Movie

The Terminal

The Terminal

Rating 7.4
Status: Completed Released: 18 Jun 2004 Duration: 128 min Country: Type: Movie Director: Casts: , ,
လေဆိပ်ကိုရောက်လာတဲ့ အူတိအူကြောင် ခရီးသည်တစ်ယောက်။ လေဆိပ်တံခါးဝကိုလွန်ရင် နယူးယော့ခ်မြို့ကြီးကိုရောက်ပြီ။ နယူးယောခ့်မြို့ကြီးထဲမှာ သူ ဘာလုပ်ရမယ်ဆိုတာ အလွတ်ကျက်ထားတယ်။ "တက္ကစီငှားမယ်။ ဟိုတယ်ကိုသွားမယ်" ရုရှားလူမျိုးလည်းဖြစ်၊ အင်္ဂလိပ်စကားမတတ်တဲ့သူ့အတွက်တော့ အလွတ်ကျက်ထားရမဲ့အရာပေါ့။ သူအလွတ်ကျက်ထားတဲ့စကားလေးဟာ လေဆိပ်တံခါးဝရဲ့အပြင်ဘက်မှာ မသုံးရသေးခင် လေဆိပ်တာဝန်ရှိသူ အကြီးအကဲတွေ ရဲတွေက ရုံးခန်းကိုခေါ်သွားကြတယ်။ ကြားရတဲ့သတင်းက ဒီခရီးသည်ရဲ့နိုင်ငံမှာ စစ်ဖြစ်နေပြီတဲ့။ စစ်ဖြစ်နေတဲ့ နိုင်ငံအတွက် လေကြောင်းလိုင်းမရှိတော့ပါ။ အိမ်ပြန်လမ်းလေးမရှိတော့ပါ။ ပိုဆိုးတာက ဗီဇာကအကျုံးမဝင်တော့တာပါ။ စစ်ပြေးဒုက္ခသည်လည်းမဟုတ်၊ စစ်ဖြစ်နေတဲ့နိုင်ငံရဲ့ဗီဇာနဲ့ အမေရိကန်ပြည်ထောင်စုထဲလည်းဝင်မရ၊ နေ့တွင်းညတွင်းချင်း သောင်တင်နေတဲ့ လူပိုကြီးတစ်ယောက်လိုဖြစ်သွားတယ်။ အင်္ဂလိပ်စကားလည်းတစ်လုံးမှနားမလည်၊ ဘာတွေဖြစ်နေလို့ ဘယ်လိုလမ်းစဉ် နည်းစနစ်တွေလိုက်နာပြီး ပြသနာကိုဖြေရှင်းရမလဲဆိုတာလည်း ပြောမရတော့ ပိုဆိုးတယ်။ လေဆိပ်မှာတော့ နေလို့ရတယ်။ လေယာဉ်စီးခွင့်မရ၊ နိုင်ငံတွင်းလည်းဝင်ခွင့်မရ ဆိုတဲ့ အူကြောင်ကြောင်အနိုင်ဆုံး အခြေအနေရောက်သွားတယ်။ လေဆိပ်အရာရှိတွေကတော့ သူ့လိုလူအတွက် ချထားတဲ့ဇယားကရှင်းတယ်။ ဒီလူ လေဆိပ်တံခါးဝကနေ အပြင်ထွက်ဖို့လုပ်တာနဲ့ ဖမ်းပြီးနိုင်ငံတော်လက်အပ်လိုက်တော့ ငါတို့လက်ကလွတ်ပေါ့။ ဒီခရီးသည်က သူတို့ထင်ထားသလိုဖြစ်မလာဘဲ.., လိမ်လိမ်မာမာနဲ့ ဥပဒေစည်းမျဉ်းတစ်ခုမှ မချိုးဖောက်ပဲ လေဆိပ်ကို အိမ်လိုယာလိုနေပါတော့တယ်။ အရာရှိတွေက ဒီကောင်ကို လေဆိပ်ကသူ့နည်းသူ့ဟန်နဲ့ထွက်အောင် ကလော်ထုတ်ဖို့နည်းတွေစဉ်းစားတယ်။ တော်တော်လေးလည်း ရယ်ရတယ်။ ကြည့်နေတဲ့ပရိသတ်ကို ရယ်အောင်အတင်းလုပ်ပြနေတာမဟုတ်ဘဲ အဲခရီးသည်ရဲ့ အပြုအမူတွေနဲ့ လုပ်ပုံကိုင်ပုံတွေကကို သနားလည်းသနားစရာ ရယ်လည်းရယ်စရာ ဖြစ်နေတာ။ မင်းသားကြီးသရုပ်ဆောင်ကောင်းချက်က အဆုံးသတ်မှာ မျက်ရည်တောင်ဝဲတယ်။ " ငါတို့ဘဝတစ်ခုလုံးဟာ ဘာကိုစောင့်လို့စောင့်နေမှန်း မသိဘဲ စောင့်တော့စောင့်နေရတာပဲ " လို့ခရီးသည်ကပြောတယ်။ ဒီစာသားလေးကြောင့် ကိုယ်လည်းသတိရမိတယ်။ ကိုယ်တို့ဟာ မွေးကင်းစဘဝမှာ စကားတွေပြောတတ်ဖို့ လမ်းတွေလျှောက်တတ်ဖို့ စောင့်ကြရတယ်။ ဒါတွေလုပ်တတ်သွားပြန်တော့ စာတတ်ဖို့ ပညာတတ်ဖို့ စောင့်ကြရတယ်။ ပညာတတ်သွားပြန်တော့လည်း အလုပ်ရဖို့ စောင့်ကြရတယ်။ သူငယ်ချင်းမိတ်ဆွေတွေရဖို့ စောင့်ကြရတယ်။ လက်တွဲဖော်ရဖို့ စောင့်ကြရတယ်။ မပြီးပြည့်စုံသေးတဲ့အရာတွေ ပြည့်စုံလာဖို့ စောင့်ကြရတယ်။