ထွက်ပြီးတာ နှစ်ရက်သုံးရက်ပဲ ရှိသေးတဲ့ အချိန်မှာတောင် မှိုလိုပေါက်နေတဲ့ Screenshot တွေနဲ့ အရေးကြီးတဲ့ Clip တွေပေါ်မှာ သီချင်းစာသားလေးတွေကို လှုပ်စိလှုပ်စိလုပ်နေတဲ့ ကောင်တွေနဲ့ ကိုယ်ကြည့်ပြီးတိုင်း
Screenshot တွေနဲ့ လှုပ်စိလှုပ်စိတွေကို အားရပါးရ Share တဲ့ သူေတွနဲ့ဆိုတော့ Spoiler တွေကတော့ အနည်းနဲ့အများမိကြပြီးဖြစ်မှာပါ။
တော်တော်များများလည်းကြည့်ပြီးလောက်မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ Trailer ကြည့်ရင်သိမှာပါ။ လူတွေအများကြီးကို တစ်နေရာခေါ်ပြီးတော့ game တွေဆော့ခိုင်းတယ်ပေါ့။game တွေကလည်းငယ်ငယ်က ဆော့တဲ့ကလေးကစားနည်းတွေပါ။ နိုင်တဲ့သူက ဆုငွေအများကြီးရမယ်။
Netflix ရဲ့ Show ဆိုတော့လည်း Budget တော်တော်လေးရထားတယ်ထင်ပါတယ်။ Production Design ပိုင်းက တော်တော်လေး impressive ဖြစ်စရာကောင်းပါတယ်။ အခြား Costume Design တွေပါတွေလည်းမိုက်ပါတယ်။ Music Score တွေလည်းကောင်းတယ်။
Game 1 ကတော့ မိုက်ပါတယ်။ ခုမှစဆော့တာဆိုတော့ဘာမှန်းမသိသေးတော့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။
Game 1 အပြီးကစလို့ ကစားသမားတွေ အဖွဲ့စဖွဲ့တာကစလို့ လွဲတော့တာပါပဲ။ Main Character တွေကတစ်ဖွဲ့တည်းမှာ စုနေမှတော့ ဘယ်သူနိုင်မလဲဆိုတာ သိနေပါပြီ။
လွန်ဆွဲတဲ့ game ဆိုလည်း main character တွေက တစ်ဖွဲ့တည်းဆိုတော့ဘယ်သူနိုင်မလဲဆိုတာ ကြည့်စရာတေယင်မလိုပါဘူး။ နောက် ဂိမ်းတွေကောပါပဲ။
မှန်တွေပေါ်မှာ ခုန်တဲ့ဂိမ်းဆိုလည်း အဓိကသုံးယောက်က နောက်ဆုံးသုံးယောက်ဖြစ်နေတယ်။
Survival Game ဆိုနေပေမယ့် ဟာကနဲ ဟင်ကနဲဖြစ်သွားစေမယ့်ဟာ မပါသလောက်ပါပဲ။ အကုန်လုံးက ခန်မှန်းလို့ ရနေတာပါ။
နောက်ဆုံးအပိုင်းဆိုလည်း မတရားဆွဲဆန့်ထားတယ်လို့ကိုထင်ရပါတယ်။
ပြီးတော့လည်း ဇာတ်လမ်းစလာတည်းက Character တစ်ယောက်တည်းကိုပဲ သေချာပြပါတယ်။ No. 456 ကိုပြောတာပါ။ အခြားသူတွေလည်းနည်းနည်းတော့ပြပါတယ်။ အကြမ်းဖျဉ်းလောက်ပါပဲ။ အဲ့တော့ ဒီ Character ကနောက်ဆုံးထိရောက်မယ့်သူဆိုတာ သေချာနေတော့ထင်သလောက် စိတ်လှုပ်ရှားဖို့မကောင်းတော့ပါဘူး။
နောက်တစ်ခုက ဇာတ်ကောင်တွေကို စတေးရမှာကြောက်နေတာပါ။
9 ပိုင်းရှိတာဆိုတော့ နောက်ထပ် နှစ်ပိုင်းလောက်ထပ်ထည့်ပြီး အခြား Character နှစ်ယောက်သုံးယောက်လောက်ကိုပြနိုင်ရင် ကောင်းမှာပါ။
ပထမ ဂိမ်းနှစ်ခုေလာက်မှာတည်းက နှစ်ယောက်လောက်ပေးသေးလိုက်ပေါ့။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ အားလုံးလဲ ကိုယ့်ရဲ့အမြင်ကို ဝင်ရောက်ဆွေးနွေးသွားပါဦး။
ခုချိန်ထိတော့ IMDB 8.3 နဲ့ Rotten Tomatoes 100% ရထားပါတယ်။
Own rating ကတော့ 6.5 ပါ။
Credit – Review
———————
Translated By-L
Encoded By -Zoro
Resolution -1080p
———————