နာမည်ကျော် PC ဂိမ်းတစ်ခုလည်းဖြစ် Mobile Gameလောက မှာလည်း နာမည်ရနေတဲ့ဖြစ်တဲ့ League of Legends ဆိုတဲ့ဂိမ်းကိုပရိသတ်တော်တော်များများ သိကြမှာပါ… ဒီဂိမ်းကတော့ 5v 5 online ဂိမ်းမျိုးဖြစ်ပါတယ်။ PC game ထွက်လာတုန်းကလည်း Playerbase အများဆုံးဂိမ်း ဖြစ်ပြီးတော့ MOBA ထွက်လာတော့လည်း ကျွန်တော်တို့နိုင်ငံနဲ့အတွင်းမှာတောင်မှ pre reg လုပ်တဲ့သူတော်တော်များခဲ့တဲ့ ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီကဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အပြင်နောက်တစ်ဆင့်အနေနဲ့ ဇာတ်လမ်းတွဲတွေဘက်ပါ ဦးတည်လာခဲ့ပါပြီ။ အခုတင်ဆက်ပေးမယ့် Arcane ဆိုတဲ့ စီးရီးကတော့ ဒီရဲ့ LOL wild drift ကိုအခြေပြုပြီးရိုက်ကူးထားတာပါ။ ဒိဂိမ်းရဲ့နောက်ခံကမ္ဘာကြီးတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ M.L နဲ့ယှဉ်ပြီးပြောရ ရင်တော့ land of dawn လိုမျိုးပါ။ ဒီလိုမျိုးပုံစံနဲ့ universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာပါဝင်နေတဲ့ champion ဇာတ်ကြောင်းတွေ၊နေထိုင်ရာဒေသ သမိုင်း..စတာတွေဟာ ကစားသမားတွေအတွက် စိတ်ကျေနပ်မှုစိတ်ဝင်စားမှု အပြည့်ရနိုင်စေမယ့် အရာတွေနဲ့တည်ဆောက်ထားခဲ့တာပါ။ Dota series တွေထွက်လာတုန်းကလည်း D.K ကိုအခြေခံပြီးရိုက်ပြထားသလို အခု ထွက်ရှိလာတဲ့Arcane ဇာတ်လမ်းတွဲကတော့ Wild rift ရဲ့ ချန်ပီယံ နှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်။ LoLကို ထဲထဲဝင်ဝင်ဆော့နေတဲ့ သူတွေကတော့ ဒီဇာတ်ကြောင်းတွေကိုသိထားလောက်ပေမယ့် animation တွေက ပိုပြီးတော့စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်နိုင်မယ်ထင်ပါတယ်။ ဒီတော့ အခုမှ LOL ထဲကိုခြေချလာတဲ့သူတွေအတွက်ရော LOL မှာ ဆရာကြီးဖြစ်နေပီဖြစ်တဲ့ pro player တွေအတွက်ရော ကိုယ်ကြိုက်တဲ့ဂိမ်းကို ဆော့ရင်းနဲ့ ကိုယ်ကြိုက်တဲ့ CHAM တွေကို ဘယ်လိုဘယ်ပုံ ဘယ်လိုရသတွေနဲ့ ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
---------------------
Translated By-L
Encoded By -Zoro
Resolution -1080p
---------------------