“မာယာအိမ်ကြီးရဲ့ အမှောင်ရိပ်”
ဒီဇာတ်လမ်းလေးကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုကနေ စတင်ပြီး နောက်ပိုင်းမှာ ထိတ်လန့်သည်းဖို (Horror/Thriller) ပုံစံမျိုးကို ကူးပြောင်းသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဇာတ်လမ်းအကျဉ်းအရဆိုရင် ခင်ပွန်းဖြစ်သူ နတ် (Nat) က သူ့ရဲ့ အထက်လူကြီး ပန်(Pam) နဲ့ ဖောက်ပြန်နေတာကို ဇနီးဖြစ်သူ ယို (Yo) တစ်ယောက် သိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတိုနှစ်ယောက်လမ်းခွဲမယ့်အစား အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို ဆုံးဖြတ်လိုက်ကြပြီး နတ်ရဲ့ အမွေဖြစ်တဲ့ အိမ်ဟောင်းကြီးဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ သူတိုနဲ့အတူ ယိုရဲ့ ယုံကြည်ရဆုံး လက်ထောက်ဖြစ်သူ ဝမ် (Wan) ကပါ အဖော်အဖြစ် လိုက်ပါလာခဲ့ပါတယ်။
အေးအေးချမ်းချမ်း နေထိုင်ဖို ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သူတိုမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အိမ်ကြီးနဲ့ အိမ်ပတ်ဝန်းကျင်မှာ ကျောချမ်းစရာကောင်းတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ကြုံတွေ့လာရပါတယ်။ အဲ့ဒီအချိန်မှာပဲ ဖစ် (Pete) ဆိုတဲ့ လျှိဝှက်ဆန်းကြယ်တဲ့ အမျိုးသားတစ်ယောက်ပါ ထပ်မံပေါ်ပေါက်လာချိန်မှာတော့ ဇာတ်လမ်းက ပိုပြီးရှုပ်ထွေးလာပါတော့တယ်။
အိမ်ကြီးထဲမှာ တကယ်တမ်း ဘာတွေဖြစ်နေတာလဲဆိုတာကို ယိုတစ်ယောက် အဖြေရှာဖို ကြိုးစားရင်းနဲ့ သူမသိထားတဲ့ လျှိဝှက်ချက်တွေ၊ အလိမ်အညာတွေက ဒီအိမ်ကြီးမှာရော သူဘေးနားက လူတွေဆီမှာပါ ဖုံးကွယ်နေမှန်း တဖြည်းဖြည်း ရိပ်မိလာပါတယ်။ အတိတ်က အရိပ်မည်းတွေက ပစ္စုပ္ပန်အထိ လွှမ်းမိုးခြောက်လှန့်နေတဲ့ အန္တရာယ်ကြီးဝိုင်းနေတဲ့ အခြေအနေဆိုးကြီးထဲကနေ ယိုတစ်ယောက် ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်ပါ့မလား၊ လူတွေရဲ့ ဖုံးကွယ်ထားတဲ့ မျက်နှာစစ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ရင်တမမနဲ့ ဆက်လက်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။




