Behind the Line: Escape to Dunkirk-Movie

Movie Sub Released on June 2, 2021 · ? views · Posted by admin · Series Behind the Line: Escape to Dunkirk

Expand
Turn Off Light
Download
Meganz 1080P
Sharer 1080 P

Behind the Line: Escape to Dunkirk-Movie အား ဒေါင်းလုဒ် ။ Behind the Line: Escape to Dunkirk-Movie အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Behind the Line: Escape to Dunkirk ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

Movie

Behind the Line: Escape to Dunkirk

Behind the Line: Escape to Dunkirk

Rating 4.8
Status: Completed Released: 18 Aug 2020 Duration: 87 min Country: Type: Movie Director: Casts: , , ,
IMDb Rating – 8.6/10
================
1940မှာ ဂျာမနီတွေဟာ ပိုလန် ဒိန်းမတ် နော်ဝေး
ဘယ်ဂျီယမ်တို့ကိုသိမ်းပြီးတဲ့နောက် ပြင်သစ်နိုင်ငံက Dunkrikမြို့ကို ဝိုင်ထားကြတယ်။ ဗြိတန်တွေဟာ ဂျာမန်တွေကိုခုခံဖို့ တပ်တစ်တပ်ပဲထားပြီး အပြင်းအထန်ဆုတ်ခ‌ွာခဲ့ရတယ်။ ဒီဇာတ်လမ်းက ဒီအချိန်မှာပါပဲ။ ဗြိတိန်ရှေ့ပြေးတပ်ဖွဲ့ဟာ ပြင်သစ်နယ်စပ်မှာ ကတုတ်ကျင်းခို စောင့်ဆိုင်းနေရာက တပ်ဆုတ်လာတဲ့ ဖြစ်ရပ် နောက်ကွယ်ကို ညဏ်ကွန့်မြူးရိုက်ပြထားတာပါ။ ပြင်သစ်နယ်စပ်ကနေ Dunkrikကိုတပ်ဆုတ်ရမယ့် လမ်းမှာ ဗြိတန်တပ်သားနှစ်ယောက်အဖမ်းခံရတာကနေ ဒီဇာတ်လမ်းကို အစပြုထားတယ်။‌ဒါတော့ ဘာမှမထူးဆန်းပါဘူး။ ထူးတာက အဲ့ဒီတပ်သား နှစ်ယောက်ထဲက တစ်ယောက်ဟာ ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဒန်နီ ဖန်နီဂန်ပါ။ဂျာမနီတွေမှာ တပ်မှာ ဘယ်သူပါတယ်ဆိုတဲ့ စာရင်းအတိအကျရှိနေတော့ ဒန်နီဟာ သူမဟုတ်ပါဘူးလည်း ငြင်းမရပါဘူး။ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံကို မိထားတဲ့ ဂျာမနီတွေရဲ့ ဆက်လုပ်မယ့်ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ဂျာမနီတပ်သားတစ်ယောက်နဲ့ ဒန့်နီကိုထိုးခိုင်းပြီး ဂျာမနီတစ်ယောက်က ကမ္ဘာ့ချန်ပီယံကိုနိုင်တယ်ဆိုတဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို တည်ဆောက်ယူလိုက်ဖို့ပါပဲ။ ဒန်နီ့ကို မထိုးထိုးအောင် အရှုံးပေးအောင် နည်းမျိုးစုံနဲ့ကြိုးစားနေတဲ့ကြားက ဂျာမနီကိုမပို့ခင် သူတို့လွတ်အောင်ကြိုးစားကြတဲ့ အကြောင်းကိုပဲ ရိုက်ပြထားတာပါ။ ဇာတ်လမ်းဖွဲ့စည်းပုံကတော့ Dunkrikနဲ့ Inglorious Bastardsကို စပ်ထားတဲ့ပုံစံမျိုးပါပဲ။ ကြာချိန်က တစ်နာရီခွဲမို့ အရမ်းတိုတယ်တော့‌ ‌ပြောရမယ်။ နာမည်ကြီး ဘယ်သူမှမပါပေမယ့် ဇာတ်အိမ်‌ရော သရုပ်ဆောင်ရော ဒါရိုက်တာရော အတော်ပြေပြစ်တဲ့အထဲပါတယ်။ Rating ကောင်းပေမယ့် ခေါင်းခဲစေမယ့်ကားမျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါးကြည့်လို့ရတယ့် ရုပ်ရှင်ပါပဲ။ ဒါပေမယ့် စစ်ပွဲတစ်ပွဲရဲ့ အောင်နိုင်မှုဟာ ခေါင်းဆောင်တစ်ဦးတစ်ယောက်ကြောင့်မဟုတ်ဘဲ တပ်သားတစ်ယောက်စီတိုင်းရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ချစ်စိတ်ကြောင့်ဆိုတာကိုတော့ ကောင်းကောင်းကြီး ခံစားရအောင်တော့ ရိုက်ပြနိုင်ခဲ့တယ်။   Translated by - Nezu Encoded by - Nezu

Comment

Leave a Reply