Built in Love (2026)
အယူအဆမတူတဲ့ ဗိသုကာပညာရှင်မလေးနဲ့ ဖုန်းရွှေဆရာမလေးတို ပြိုင်ဆိုင်ရင်းနဲ့မမျှော်လင့်ဘဲချစ်မိသွားကြမဲ့ အချစ်ဟာသဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
လက်တွေ့ကျတဲ့ ဗိသုကာပညာရှင် ဆိုးလ်နဲ့ နာမည်ကြီးဖုန်းရွှေဆရာမ ဆင်းဆင်းတိုဟာ သူဌေးမဝဲန်ရဲ့ အိမ်သစ်ဆောက်လုပ်ရေးပရောဂျက်မှာ အတူအလုပ်လုပ်ဖို အကြောင်းဖန်လာပါတယ်။ ပင်ကိုစရိုက်နဲ့အလုပ်လုပ်ပုံ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတိုနှစ်ယောက်ကြားမှာ ဖုန်းရွှေအယူအဆတွေနဲ့ အလှဆင်ဒီဇိုင်းတွေကြောင့် အမြဲတမ်းအကြီးအကျယ် အားပြိုင်မှုတွေဖြစ်လာပါတော့တယ်။
အလုပ်မပြုတ်ရေးနဲ့ ဘောနပ်စ်ရရေးအတွက် မဖြစ်မနေအတူတူလုပ်ကြရရင်း အမြဲတမ်းရန်ဖြစ်နေတဲ့ ဒီမိန်းကလေးနှစ်ယောက်ကြားမှာ ဘယ်လိုမျိုး အချစ်သံယောဇဉ်တွေ ရှင်သန်ပေါက်ဖွားလာမလဲဆိုတာ ဒီချစ်ဖိုကောင်းတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ အတူတူကြည့်ရှုလိုက်ကြရအောင်ပါ။