DEEPWATER HORIZON (2016)

Movie Sub Released on October 3, 2021 · ? views · Posted by admin · Series Deepwater Horizon

Expand
Turn Off Light
STREAM SB 1

DEEPWATER HORIZON (2016) အား ဒေါင်းလုဒ် ။ DEEPWATER HORIZON (2016) အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Deepwater Horizon ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

MOVIE

Deepwater Horizon

Deepwater Horizon

Rating 7.1
Status: Completed Released: 30 Sep 2016 Duration: 107 min Country: , , Type: Movie Director: Casts: , ,
သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊
အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ချီးကျူးခံရပါတယ်။ ရေနံတွင်းကြီးကိုပိုင်တဲ့ BP managers တွေဟာ သတ်မှတ်ထားတဲ့အချိန်ထက် တစ်လနီးပါးလောက်နောက်ကျနေပြီဖြစ်တဲ့လုပ်ငန်းကို အချိန်မီပြီးစီးဖို့ရော၊ ငွေချွေတာတဲ့သဘောရောနဲ့ ပင်လယ်ရေအောက်ဖိအားတိုင်းတာတဲ့ test တစ်ခုကို (Cement test ဟုကြားသည်။ မသေချာပါ။) မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်ရေနံတူးကြသူတွေကတော့ Transocean ဆိုတဲ့ Drilling company ကသူများဖြစ်ပါတယ်။ Michael Williams (Mark Wahlberg) က Transocean ရဲ့ Chief electric technician တစ်ယောက်ပါ။ ရေနံတွင်းတူးသမားတွေရဲ့ Captain (Kurt Russell) ကတော့ သင်္ဘောပေါ်ကလူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတာဝန်ရှိတာမို့ BP managers များရဲ့ လက်လွတ်စပယ်ဆုံးဖြတ်ချက်အတွက်အခြေအတင်စကားများကြတယ်။ နောက်ဆုံးတော့ Cement test မလုပ်ရင်တောင် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်တဲ့ Negative pressure test ကိုပြုလုပ်ဖို့သဘောတူကြတယ်။ ဒီ test ကိုပြုလုပ်လိုက်တဲ့အခါ ပင်မရေနံပိုက်လိုင်းမှာ ဖိအားတွေဟာ အန္တရာယ်ရှိအဆင့်ထိ မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ပေမယ့် BP representative တစ်ဦး (John Malkovich) က ဖိအားများရင် ရေနံတွေဘာလို့ပန်းထွက်မလာတာလဲလို့ အကြောင်းပြပြီး (သူ့ရဲ့ Bladder effect ဆိုတာတွေရှင်းပြပြီး) ပင်မရေနံလိုင်းရဲ့ဘေး၊ kill line မှာနောက်ထပ် Negative pressure test ထပ်လုပ်စေပါတယ်။ ဒီတစ်ခါမှာတော့ pressure က zero level ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရေနံတူးခြင်းလုပ်ငန်းစတင်လိုက်တဲ့အခါ ရေအောက်ဖိအားတွေတအားတက်လာခဲ့ပြီးနောက်………………. Deepwater Horizon ကလည်း ပုံစံခွက်ထဲကနေဖောက်ထွက်ထားတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရတာ ကျေနပ်နှစ်သိမ့်မှုကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိထားတဲ့ ပုံစံတူ The finest hours ထက်ပိုကြိုက်မိပါတယ်။ The lone survivor ရဲ့ဒါရိုက်တာ Peter Berg ကရိုက်ကူးထားတာပါ။ ဒါကြောင့်လည်း တချို့နေရာတွေမှာ The lone survivor နဲ့ဆင်တူနေတာကို သတိမထားဘဲမနေနိုင်ဘူး။ အထူးသဖြင့် Lone survivor ထဲက တောင်ပေါ်ကခုန်ချကြတဲ့အခန်းတုန်းကလို ခံစားချက်မျိုး ဒီကားမှာ ပြန်လည်ခံစားမိတယ်။ ဒါရိုက်တာဟာ ဇာတ်လမ်းကို overdramatized ဖြစ်သွားမှာစိုးရိမ်ဟန်တူပါတယ်။ ဇာတ်ကောင်မိတ်ဆက်မှုတွေ လိုတာထက်မပိုတာတွေ့ရပါတယ်။ ဇာတ်လမ်းကပိုကျစ်လစ်သွားပေမယ့် ဇာတ်ကောင်များနဲ့သိပ်မရင်းနှီးလိုက်တာကတော့ အပြစ်ပေါ့လေ။ လူဆိုး၊ လူကောင်း၊ သူရဲကောင်းကွဲပြားပေမယ့်လို့ အသေးစိတ်လေးတွေထိ မသွားတာကိုပြောချင်တာပါ။ ရေနံတွေပန်းထွက်လာတာကနေစပြီး အဆုံးထိရောက်တဲ့ဇာတ်ကားရဲ့ action အပိုင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်ဖွယ်ရာပါပဲ။ မီးတောက်ကြီးတွေ၊ ပေါက်ကွဲတာတွေက ပီပြင်လှပါတယ်။ ဒါမျိုးပီပြင်အောင်ရိုက်ခဲ့လို့လည်း budget က သန်းတစ်ရာကျော်ခဲ့တာပေါ့။ လောလောဆယ်ထိတော့ သန်းသုံးဆယ်ကျော်ပဲပြန်ရသေးတယ်လို့ကြားပါတယ်။ ဇာတ်ကားအစမှာ Mark Wahlberg ရဲ့ သမီးဖြစ်သူက ရေနံတူးတာအကြောင်း ကိုကာကိုလာဘူးနဲ့ နိမိတ်ပြသွားတဲ့အခန်းလေးကို ပြီးသွား မှပြန်တွေးရင်းသဘောကျမိတယ်။ သတိထားမိတဲ့ထူးခြားချက်လေးတွေပြောရရင်တော့ Mark Wahlberg ကို A perfect storm ဆိုတဲ့ပုံစံတူဇာတ်ကားမှာ မြင်တွေ့ခဲ့ပြီးပြီးဖြစ်သလို Kurt Russell ဟာလည်း Poseidon မှာပါဝင်ခဲ့ပါတယ်။ ပင်လယ်ပျော်တွေပေါ့။ နောက် Kate Hudson အတွက်လည်း ပထွေးဖြစ်သူ Kurt Russell နဲ့ ပထမဆုံးတွဲဖက်ပါဝင်တဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။ ဇာတ်ကားအဆုံးမှာ တကယ့်အပြင်က heroes တွေရဲ့ပုံတွေ၊ news footage တွေကို စာတန်းထိုးရင်းပြသွားတယ်။ ကြည့်ရတာ အဖိုးတန်ပါတယ်။ REVIEW CREDIT -=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE -1GB RESOLUTION-1080P -=-=-=-=-=-=-=-=-=  

Comment

Leave a Reply