Status: Completed Network: Channel 3 Released: Jan 1, 2022 - ? Duration: 55 min. Country: Thailand Type: Drama Episodes: 12
ဒီဇာတ်လမ်းတွဲလေးကတော့ နည်းနည်းရှားပါးတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်
ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲလေးကို ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံ နှစ်နိုင်ငံပေါင်းပြီးချစ်ကြည်ရေးအတွက်အခြေခံကာ ကုန်းဘောင်ခေတ်နှင့် အယုဒ္ဓယခေတ်နှောင်းပိုင်းအချိန်ကာလကို ဇာတ်အိမ်တည်ကာရိုက်ကူးထားလို့ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့ ထိုင်းမလေးတစ်ယောက်ဟာ မြန်မာနိုင်ငံကိုအလည်လာတဲ့အချိန်မှာ ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ဟော်တယ်တစ်ခုမှာ လက်ထောက်စားဖိုမှူးရာထူးကို စတင်လုပ်ကိုင်တဲ့အချိန်ကနေစတင်ထားပါတယ်။
တစ်နေ့မှာတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက် မြန်မာမလေးနဲ့လမ်းလျှောက်ထွက်ရင်းကနေ စာအုပ်တွေအကြောင်းကိုစိတ်ဝင်စားတဲ့သူမဟာ အီနောင်ဇာတ်ဆိုတဲ့စာအုပ်လေးကိုရှာဖွေတွေ့ရှိသွားပါတယ်၊
အီနောင်ဇာတ်ဟာဆိုရင် ထိုင်းမှာလည်းရှိသလို မြန်မာပြန်ဆိုထားတဲ့အီနောင်ဇာတ်စာအုပ်လေးကိုတွေ့လိုက်တဲ့အခါမှာ တော်တော်စိတ်ဝင်စားသွားပါတယ်။
ဒီလိုနဲ့စာအုပ်လေးကိုဝယ်ပြီး ညဘက်ရောက်တဲ့အခါမှာတော့ သူမဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်ခန့်ကိုရောက်ရှိသွားကာ ပြဇာတ်အဖွဲ့ရဲ့အကခေါင်းဆောင်ဟာ သူမကိုတွေ့သွားတဲ့အခါမှာတော့ သူမရဲ့အကတွေကိုစတင်စိတ်ဝင်စားခဲ့ပါတယ်။
ဒါဟာ တကယ်အိမ်မက်ပဲလား ၊ ဒီစာအုပ်နဲ့ ထိုင်းမလေးတို့ကဘယ်လိုများပတ်သတ်နေလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးမလို့ ......
နောက်ပြီး ဒီကားမှာတော့ "ဒေါင်း" ကပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ "ဒေါင်း"ချစ်တဲ့သူပရိသတ်များရော ဇာတ်လမ်းတွဲကြိုက်နှစ်သက်တဲ့ပရိသတ်တွေလည်း သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
-=-=-=-=-=-=-=-
Translated By Ca Ca
Encoded By Nezu