Status: Completed Duration: 1 hr. 31 min. Type: Movie
IMDb…7.2
Rotten….78%
စစ်ကားကြည့်ရတဲ့သဘောကျတဲ့သူတွေအတွက် Greyhoundကားလေးကိုကြည့်စေချင်ပါတယ်
ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်
ဒုတိယကမ္ဘာစစ်အချိန်ကာလမှာပေါ့…
ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီး
North Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်နေရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါတစ်ဦးလည်းဖြစ်တယ်…
ဒါ့အပြင်ကိုသူ့အပေါ်မှာ အသက်ပေါင်းများစွာကလည်း မူတည်နေတယ်….ဘာလို့လဲဆိုတော့ ဒီခရီးစဉ်မှာ
ရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သေဘော်တွေဟာ သေမင်းတွေလိုမျိုး သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ….
ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘော်တွေကို အမဲလိုက်သလို တဝုန်းဝုန်း
စစ်မျက်နှာဖွင့်ပါတယ်…ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့….
ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီး
Captain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks က
သရုပ်ဆောင်ထားပါတယ်… စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီး
စက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး…တစ်ချက်လောက်မှားလိုက်တာနဲ့
အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘော်တွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့
တာဝန်က ကြီးလွန်းလှပါတယ်....ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်...
Translated by - Nezu
Encoded by - Nezu