ဒီတစ်ခါမှာတော့ IMDB 8.1 အထိရထားတဲ့ Sanak ဆိုတဲ့ဇာတ်ကားလေးနဲ့တင်ဆက်ပေးပါမယ်။ ဇာတ်ကားလေးကတော့ action ပုံစံမျိုးဖြစ်ပြီးတော့ တော်တော်ကြည့်လို့ကောင်းပါတယ်။ အိန္ဒိယကားတွေထုံးစံအတိုင်း နည်းနည်းတော့စကားများနေပေမယ့် တော်တော်ကြည့်ကောင်းပါတယ်။ ဇာတ်လမ်းအစပိုင်းကတည်းက ရိုမန်းတစ်ဆန်ဆန်လေးတွေနဲ့ စပြီးတော့ ဆော်မရှိတဲ့ကျွန်တော်တို့ပုရိတ်သတ်ကြီးအတွက်ကတော့ ဝမ်းနည်းစရာပါ။ Vivaan Ahujaနဲ့ Anshika တို့လင်မယားဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာပါ။ Vivaan Ahuja ကတော့ ကလေးတွေယူပြီးတော့ ဘဝကြီးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ကြိုးစားနေသူပါ။ တစ်နေ့မှာတော့ သူတို့လင်မယားနစ်ယောက် ကလေးယူဖို့ကြိုးစားရာကနေ မမျှော်လင့်ပဲ Anshika က နှလုံးဖောက်သွားပြီးဆေးရု့ရောက်သွားပါတယ်။ Vivaan Ahuja တစ်ယောက် သူ့မိန်းမ ဇရိတ်စက အတွက်ဘယ်လိုတွေကြိုးစားမလဲ ပြီးတော့ တစ်ရက်မှာ သူ့မိန်းမတက်နေတဲ့ဆေးရုံက ဓားပြတိုက်ခံလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။