ဒီတစ်ခေါက်ပြောပြပေးချင်တဲ့ဇာတ်ကားလေးကတော့ The king’s Man လို့အမည်ရတဲ့ 2021 မှာထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Red Crossအတွက်အလုပ်လုပ်ပေးနေကြတဲ့ Orlandoနဲ့Emilyဆိုတဲ့ လင်မယားနှစ်ယောက်က စစ်ဖြစ်နေဆဲကာလအတွင်း တောင်အာဖရိကမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို သူတို့ရဲ့သားဖြစ်သူ Conradနဲ့အတူသွားရောက်ခဲ့ပါတယ်
Orlandoတို့လင်မယားနှစ်ယောက်က အဆင့်အတန်းတွေကိုဘေးချိတ်ပြီး တတ်နိုင်တတ်စွမ်းသလောက် အကူအညီပေးတတ်ကြသူတွေပါ ကံဆိုးချင်တော့ အဲ့အကျဉ်းစခန်းမှာရှိနေတုန်းမှာပဲ အတိုက်ခိုက်ခံခဲ့ရပြီး ဇနီဖြစ်သူ Emilyတစ်ယောက်သေဆုံးခဲ့ရပါတယ်
Emilyသေဆုံးပြီးတဲ့နောက်မှာ Orlandoဟာ စစ်မက်ကိုမလိုလားတော့ဘဲ မည်သို့သော ပဋိပက္ခကိုမဆိုတားပြီး စစ်မဖြစ်အောင် ငြိမ်းချမ်းအောင်စွမ်းဆောင်ပါတော့တယ် အဲ့လိုနဲ့နေလာရင်းနဲ့ တစ်နေ့မှာတော့ အင်္ဂလန် ဂျာမနီနဲ့ရုရှားကြား သွေးကွဲမှုတွေဖြစ်ပေါ်လာပြီး စစ်ဖြစ်တော့မယ့်အခြေအနေကိုရောက်သွားပါတော့တယ်
တဖြည်းဖြည်းနဲ့အခြေအနေတွေတင်းမာလာကြပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…
Translated by – Kakashi
Encoded by – Junior



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
