မင်းသား Nam Goong Min ဟာ Hot Stove League (၂၀၁၉) နဲ့Doctor Prisoner(၂၀၁၉)တို့မှာ
Ro ခန်းမပြောနဲ့ မင်းသမီးကို ချစ်တဲ့ဟန်အမူအရာလုံးဝမပါဘဲ ပွဲပတ်ကြမ်းနေတဲ့ ထူးထူးခြားခြား ကိုရီးယားစီးရီး(၂)ခုမှာ ခေါင်းဆောင်
မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့တာပါ….ဂျစ်ကန်ကန် မထေမဲ့မြင်အပြုံးနဲ့ တစ်ဘက်သားကို ထိုးနှက်ဖို့
စကားလုံးလှလှတွေသုံးရင်း ထက်မြက်လှတဲ့ သူ့အရည်အချင်းတွေနဲ့ ရန်သူကို အနိုင်တိုက်တတ်တဲ့
ဒီဟန်အမူအရာတွေကြောင့် အဆင်ငမ်းပါ့မယ်ဆိုတဲ့ နှုတ်ခမ်းနီမလေးတွေတောင် ကြွေခဲ့ပါတယ်…..
ဒီစီးရီးထဲမှာလည်း နှုတ်ခမ်းမွေးစစ ပေစုတ်စုတ်နဲ့ လုပ်ချင်ရာလုပ်တဲ့ စုံထောက်အဖြစ်နဲ့ပါဝင်ထားပါတယ်….
အပိုင်း(၁)မှာ လွန်ခဲ့တဲ့ ၂၈ နှစ်က အစုလိုက်အပြုံလိုက်သေတဲ့
မှုခင်းကြီးတစ်ခုကိုပြထားပြီးနောက် ဓားပြတိုက်တဲ့အဖွဲ့ ကို Nam Goong Min တို့ရဲစုံထောက်တွေလိုက်ဖမ်းတာနဲ့စထားပါတယ်….
ကျွန်တော်ကတော့ အပေါ်ကပြောခဲ့တဲ့ စီးရီး(၂)မှာတင် လုံးဝသဘောကျခဲ့တာမို့
ဒီစီးရီးမှာလည်း လန်းဖို့များပါတယ်…သူနဲ့အလိုက်ဆုံး စရိုက်နဲ့ ဖွဲ့စည်းထားတာမို့
တော်တော်လည်း အထှာကျပါတယ်..ပြီးတော့ ဘက်ဂျက်အများကြီးသုံးထားပုံရပါတယ်..
ရိုက်ထားတာတွေလည်း တော်တော်မိုက်ပါတယ်. စုံထောက် ၊အက်ရှင်၊
မှုခင်းကားတွေ မျှော်လင့်နေတဲ့သူတွေအဖို့ ရော Nam Goong Min ဖန်တွေအတွက်ရော
ခံစားကြည့်ကြပါဉီး…..




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)