Conjuring The Cult (2024)
ဒေးဗစ်က သူ့သမီးသေသွားပြီးတော့ သူ့ဘဝကြီးပြိုလဲသွားတယ်။ တစ်နေ့သူ့သမီးရဲ့ သွေးတွေစိုစွတ်နေတဲ့အလောင်းကိုမြင်လိုက်ရပြီးတဲ့နောက် အိပ်မက်ဆိုးတွေမက်ပြီး စိတ်ဓာတ်ကျရောဂါဖြစ်လာခဲ့တယ်။ သူ့စိတ်ကျန်းမာရေးပြန်ကောင်းလာဖို့ စကားဝိုင်းတစ်ခုကိုတက်ခဲ့ပြီး အဲဒီစကားဝိုင်းမှာ ဆင်တူအင်္ကျီတွေဝတ်ထားတဲ့ နတ်ဆိုးဝိဉာဉ်တွေနဲ့ ဆက်စပ်နေတဲ့ လျှို့ဝှက်အသင်း (Cult) ရဲ့ မိန်းကလေးတစ်စုနဲ့တွေ့ခဲ့ရတယ်။ အဲဒီမိန်းကလေးတစ်စုက ဒေးဗစ်ရဲ့သမီးပြန်ရှင်လာအောင်လုပ်ပေးမယ်လို့ ကမ်းလှမ်းတယ်။ ဒေးဗစ်လည်း အစပိုင်းမတုန်းကငြင်းခဲ့ပေမဲ့ သူ့သမီးကိုအရမ်းတွေ့ချင်နေတော့ နောက်ဆုံး သဘောတူလိုက်တယ်။ အဲဒီမိန်းကလေးတွေနဲ့ ပူးပေါင်းချိန်မှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတယ်။ ဒီတစ်ကြိမ်မှာတော့ (Cult) အဖွဲ့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ သူတို့ဟာ ဒီနတ်ဆိုးဝိဉာဉ်ကို အနိုင်ယူနိုင်မလား၊ ဒါမှမဟုတ် ဒီလျှို့ဝှက်အသင်းရဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဟာ မှောင်မိုက်ထဲကို နစ်မြုပ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)