၉၀ ဝန်းကျင်ဖွား သက်ကြားအိုတိုင်းနီးပါး ကစားဖူးတဲ့ ဂိမ်းတစ်ခုရှိပါတယ်။
တရုတ်ဓားခုတ်လို့ ခေါ်ကြတဲ့ Dynasty Warriors ပါပဲ။
ဒီဂိမ်းကို Romance of the Three Kingdoms သမိုင်းဇာတ်လမ်းကနေ ယူထားတာလည်း သိကြမှာပါ။
ဒီသုံးပြည်ထောင် နဲ့ ပတ်သတ်တဲ့ ဇတ်လမ်းတွေလည်း အများကြီးထွက်ခဲ့ပြီးပါပြီ။
အထင်ရှားဆုံးကတော့ Redcliff ၁ နဲ့ ၂ ပေါ့။
အခုဇာတ်လမ်းကတော့ rating အနေနဲ့ နည်းပါတယ်။
ဒါပေမယ့် အမှတ်တရ ပြန်တင်ပေးထားတာပါ။
ဂိမ်းထဲက theme အတိုင်း နောက်ခံတီးလုံး၊ အဝတ်အစား၊ လက်နက်တွေ ပြန်သုံးပေးထားပါတယ်။
ကျွန်တော်တော့ မဆိုးဘူးလို့ ပြောချင်ပါတယ်။
C တွေရဲ့ ထုံးစံအတိုင်း မလိုအပ်တဲ့ အထူးပြုလုပ်ချက်တွေ အိုဗာပါဝါတွေကြောင့်သာ ခပ်ညံ့ညံ့ကားလိုဖြစ်သွားခဲ့တာပါပဲ။
ဇာတ်လမ်းကိုတော့ ခေါင်းပေါင်းဝါသူပုန်တွေနဲ့ တိုက်ခိုက်တာကနေ အစပြုပါထားပါတယ်။
ဂိမ်းထဲက ပထမဆုံး အခန်းအတိုင်းပါပဲ။ နောက်ပြီးတော့ ဒုတိယတိုက်ပွဲကို
ဟူလောင်ဂိတ် နဲ့ လျို့ရန်ကို ဝင်တိုက်တဲ့ အတိုင်းပဲ ဆက်ပြထားပါတယ်။
အမတ်ကြီး တုန်ကျိုဟာ ဘုရင်ငယ်လေးကို ဓားစာခံလုပ်ပြီး လျို့ရန်မှာ ကြီးစိုးနေချိန်
စစ်သူကြီး ယွန်ရှောင် ဦးစီးတဲ့ မဟာမိတ် ၁၈ ဖွဲ့ဟာ ဟူလောင်ဂိတ်နဲ့ လျို့ယန်ကို လာပြီးတိုက်ခိုက်ဖို့ စီစဉ်ပါတော့တယ်။
အဲဒီအဖွ့မှာ ချောင်ချောင်းပါမယ်၊ စွန်းကျင်းပါမယ်၊ လျိုပေ့ ကွမ်းရီ ကျန်းဖေး ညီအစ်ကိုသုံးယောက်ပါမယ်ပေါ့။
ဒီရုပ်ရှင်မှာတော့ ချောင်ချောင်း၊ လွီပု၊ ညီအစ်ကိုသုံးယောက်ကိုပဲ အဓိကထားပြီး ပြသထားပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးဘဝ အမှတ်တရအနေနဲ့ ကြည့်ချင်ကြမယ်ထင်လို့ တင်ပေးထားလိုက်တာပါ။
-=-=-=-=-=-===-=-=-=-=====
Review – Credit
Resolution – 1080P
Size -1.5GB
-=-=-====-=-=-===-=-=-=




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)