The Orphans (2025)
နှစ်ပေါင်းများစွာ ကွဲကွာနေပြီးနောက်မှာ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ဂယ်ဘရီရယ်နဲ့ ဒရစ်တိုဟာ ကွဲပြားလှတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ခဲ့ကြပါတယ် တစ်ယောက်က ရဲဝန်ထမ်းဖြစ်ပြီး နောက်တစ်ယောက်က ရာဇဝတ်သားတွေအတွက် ကြားဝင်ဆောင်ရွက်ပေးသူပါ
တစ်နေ့မှာတော့ သူတိုရဲ့သူငယ်ချင်း ဆိုဖီယာရဲ့ မတော်တဆမှုကြောင့်နဲ့ သူတိုရဲ့ ဆန့်ကျင်ဘက်လမ်းကြောင်းတွေဟာ ပြန်လည်ဆုံစည်းသွားစရာ အကြောင်းဖန်လာပါတယ် အသက် ၁၇ နှစ်အရွယ် လီလာဟာ သူမရဲ့မိခင် ဆိုဖီယာအတွက် လက်စားချေဖို ဂယ်ဘရီရယ်ရဲ့ သေနတ်နဲ့အတူ ပျောက်ကွယ်သွားတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်ဟာ အန္တရာယ်များတဲ့ မျဉ်းကိုဖြတ်ကျော်ဖိုအတွက်နဲ့ လီလာ့ကို ရှာဖွေဖို သူတိုရဲ့ကွဲပြားချက်တွေကို ချန်ရစ်ထားခဲ့ရပါတော့တယ်
စိတ်ခံစားမှုပြင်းထန်ပြီး ကိုယ်ကျင့်တရားဆိုင်ရာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းဟာ မိတ်ဆွေဖြစ်မှု၊ သစ္စာစောင့်သိမှုနဲ့ အတိတ်က ရွေးချယ်မှုတွေရဲ့ နောက်ဆက်တွဲတွေကို ပြသထားပါတယ်
Translated & Reviewed by Hyo
Encoded by Skylar
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




