ဒါလေးကတော့ ROMANCE/ DRAMA အမျိုးအစားလေးပါ။
ချမ်းသာတဲ့သူဌေးသမီးလေး ပီယာဟာ သူငယ်ချင်းတွေရဲ့ နားပူမှုကိုမခံနိုင်တဲ့အဆုံး ရည်းစားအငှားရှာဖို ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ လူသိနည်းပြီး စမတ်ကျရမယ့် ကျောင်းသားအဖြစ် အသစ်ပြောင်းလာတဲ့ ထင်မြက်တဲ့ ကျောင်းသားအာဂျွန်နဲ့ အပေးအယူအလုပ်ပြီး
တစ်ပတ် ၂၅၀၀၀ နဲ့ ရည်းစားအတုလုပ်ပေးဖို သဘောတူညီချက်ရခဲ့ပါတယ်။
ရည်းစားအတုလုပ်နေတဲ့ကာလတစ်လျှောက် တစ်ယောက်ကိုတစ်ယောက် ကူညီရင်း ဖေးမရင်း ကာကွယ်ရင်းက အတုအယောင်နဲ့ အစစ်အမှန်ကြား ဇဝေဇဝါဖြစ်လာကြတဲ့အခါ….
ပီယာနဲ့ အာဂျွန်တို ဘယ်လမ်းကိုရွေးချယ်ကြမလဲဆိုတာ…..




